Trauma ( 1 )

517 34 8
                                    

" ဟဲ့ အဲ့အကောင်က psychoဟဲ့ ရူးနေတာ သူနဲ့သွားမပတ်သတ်နဲ့ "

"ဒီကောင်လေးက အရိုင်းအစိုင်းဟဲ့ မိမဆုံးမဖမဆုံးမသားလေး သားလေးဒီလိုကောင်မျိုးတွေကိုဝေးဝေး ကရှောင်နော်အပေါင်းအသင်းမလုပ်နဲ့"

" အဲ့အကောင်ကရွှံစရာကောင်းတယ်သူ့နားမကပ်နဲ့ သူကpsycho အရူး"

ဒီလိုစကားတွေကကျွန်တော့အတွက်တော့ရိုးနေပါပြီ ။ အလကား သူများအကြောင်းသေချာတောင်မသိပဲစောက်တင်းပြောချင်နေတဲ့ပတ်ဝန်းကျင်။ထူးတော့မထူးဆန်းပါဘူး။ကျုပ်မိဘကိုယ်တိုင်ကလည်းပတ်ဝန်းကျင်နဲ့ကမထူးမခြားလေ။အဲ့တော့ပတ်ဝန်ကျင်ကပြောတာမထူးဆန်းပါဘူး။မထူးမခြားမဟုတ်ဘူး။သူတို့ထဲကပါပဲ။

ခင်းဗျားတို့သိကြလားလောကကြီးမှာအမှန်တရားတစ်ချို့ကိုပြောပြရင်အဲ့လူကတစ်လောကလုံးရဲ့အမြင်မကြည့်တာကိုခံရတယ်။ပြီးတော့နောက်တစ်ခုကတော့အပယ်ခံဖြစ်အောင် လုပ်လိုက်တာလေ။

အပယ်ခံ အဟက် နာမည်လေးကတော့လှပါတယ် ။ ကျွန်တော်တော့အဲ့နာမည်လေးကိုကြိုက်တယ်။အနည်းဆုံးတော့သူတို့လိုလူမျိုးတွေလိုမဟုတ်လို့။

ပြောရရင်ကျွန်တော်က တစ်ကျောင်းလုံးရဲ့အပယ်ခံ။ မိသားစုရဲ့အပယ်ခံ။သူငယ်ချင်းတွေရဲ့အပယ်ခံ။

အဲ့တော့Minyoongiဆိုတဲ့ငါကဂရုစိုက်ရမှာလား။ ကိုယ်ဘဝနဲ့ကိုယ်။ကိုယ်သမိုင်းကိုရေးနေတာသူများဆီကဘောပင်နဲ့ငှားရေးတာလဲမဟုတ်။

တစ်လောကလုံး မုန်းနေရင်တောင်MinYoongiဆိုတဲ့ ကျုပ်ကဂရုစိုက်မယ်ထင်နေတာလား။

နောက်ပြီးတော့ကျုပ်ကအရိုင်းအစိုင်းကောင်။ ရိုင်းတယ်ဒါပေမဲ့ခင်ဗျားတို့လိုတော့မင်းသားယောင်ဆောင်တဲ့ဘီးလူးမဟုတ်ဘူးလေ။

~~~~~~~~~~~~~~

6နာရီ

ဒေါက်.. ဒေါက်.. ဒေါက်..

တံခါးခေါက်သံနဲ့အတူတစ်နေ့တာရဲ့မနက်ခင်းကစတင်ရပြန်ပါပြီ။

" သခင်လေး~ သခင်လေး
ကျောင်းသွားဖို့ပြင်ဆင်ရမဲ့အချိန်ရောက်ပါပြီ ဒီနေ့ကျောင်းကကျောင်းအသစ်မို့ပါ "

Trauma 🩹💔🩹Where stories live. Discover now