Turama ( 10 ) 🩹💔🩹

106 13 0
                                    

တိမ်တွေကမတည်ငြိမ်လိုက်တာ ကျွန်တော်လိုပဲ လေနှင်ရာကိုပဲရွေ့လျားနေကြတာ ဦးတည်ချက်တောင်မရှိပါပဲနဲ့လေ။ဒါပေမဲ့တိုက်နေတဲ့လေကရောဦးတည်ချက်ရှိရဲ့လား....

ရည်ရွယ်ချက်ရှိရှိနဲ့တော့အရာရာတိုင်းကိုမတောင်းတမိဖူးဘူး။ဦးတည်ချက်ချက်မရှိဘဲလေနှင်ရာကိုလွင့်နေတဲ့တိမ်တွေလိုကျွန်တော်ဘဝမှာ တန်းဖိုးထားရတဲ့အရာဟာကျွန်တော့်ဂီတကလွဲပြီးဘာမှမရှိခဲ့ဘူးလေ

ဒီလိုဝမ်းနည်းချင်စရာကောင်းတဲ့ညနေခင်းမှာဒီလိုဦးတည်ချက်မဲ့ပြီးမျောလွင့်နေတဲ့တိမ်တွေကိုကြည့်ရတာနဲ့ရင်းကျွန်တော်အဆင်ပြေနေပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်နဲ့သိပ်တူတာမလို့.....ဘဝဆိုတာလဲကိုဖြစ်ချင်သလိုသာဖြစ်လာမယ်ဆိုရင်ကျွန်တော်လည်းဒီလိုမျိုးဖြစ်လာပါ့မလား

ဘယ်သူကမှမချစ်တဲ့ကျွန်တော်အချစ်မခံခဲ့ရတဲ့ကျွန်တော်ကနောက်ထပ် ထပ်ပြီးတော့ နာကျင်ရမှာကြောင့်လို့ ဘယ်သူကိုမှထပ်မချစ်တော့သလိုသံယောဇဥ်လည်းထားရမှာက်ုလည်း​ကြောက်မိတယ်။ကျွန်တော်ထပ်ပြီးတော့နာကျင်ရမှာကြောက်တယ်...

တစ်ကမ္ဘာလုံးကလူတွေကျွန်တော်ကိုမျက်ကွယ်ပြုထားရင်တောင်ကျွန်တော်အတွက်ကိစ္စမရှိပါဘူး။ဒါပေမဲ့အရင်းနှီးဆုံးသူတွေနဲ့ကျွန်တော်အချစ်ဆုံးသူတွေကမျက်ကွယ်ပြုပြီးစွန့်ပစ်ထားရင်တော့ကျွန်တော်အရမ်းခံစားရတယ် နောက်ဆုံးအရာအားလုံးကိုလက်လျော့ပစ်ချင်လိုက်တဲ့အထိ ကျွန်တော်ခံရည်မရှိခဲ့ဘူး....

တစ်ချို့လူတွေအတွက်တစ်ယောက်မရှိလို့တစ်ယောက်မဖြစ်တဲ့အချိန် ညတိုင်းမိသားစုတွေရဲ့လက်ဆုံစားပွဲတွေအသားကျပြီးပျော်နေကြပေမဲ့ကျွန်တော်ကတော့တစ်ယောက်တည်းအသားကျနေပါပြီး ညတိုင်းအချိန်ပိုင်းလုပ်ရင်းစားခဲ့တဲ့အသင့်စားခေါက်ဆွဲဗူးတွေ အသင့်အစားစားတွေနဲ့လည်းအသားကျခဲ့ပါပြီး ဂရုစိုက်မှုဆိုတာကျွန်တော်နဲ့မဆိုင်တဲ့အရာမို့လို့ထူးပြီးလည်းမျှော်လင့်မနေတော့ဘူး

ဒါပေမဲ့အခုချိန်ထိလောကကြီးရဲ့စမ်းသပ်ချက်တွေကိုတောင့်မခံနိုင်သေးဘူးထင်တယ်

Trauma 🩹💔🩹Where stories live. Discover now