Trauma( 4 )🩹💔🩹

152 18 4
                                    

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ခန္ဓာကိုယ်တစ်ခုလုံးကတော့ တောင့်တင်းသွားကာခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့သွေးတွေကပြောင်းပြန်စီးဆင်းနေသလိုပင်။တစ်ခနတာတော့Parkjiminဦးနှောက်နဲ့ခန္ဓာကိုယ်ဟာ အဆက်အသွယ်ပြတ်သွားသလိုပင်။

ငါးယောက်တစ်ယောက်ဖြစ်နေတဲ့ရန်ပွဲဟာတကယ်တန်းကြည့်ရင်တော့မမျှတ၊ပြောရရင်သက်သက်အုပ်စုဖွဲ့အနိုင်နေတာ။
နဖူးတွေမျက်နှာတွေမှာရစရာမရှိအောင်အထိုးခံနေရင်းထိုငါးယောက်တစ်ယောက်ရန်ပွဲထဲတွင်parkjiminတစ်ယောက်မနက်စာတောင်မစားပဲမနက်အစောကြီးကျောင်းသို့သွားကာလိုက်ရှာနေခဲ့သောMinyoongiဆိုသောသူပါဝင်နေခြင်းသာဖြစ်သည်။

ကိုယ်ကရန်တွေ့မယ်လို့တေးထားသော်လည်း Yoongiကိုဒီလိုပုံစံမျိုးနဲ့တွေ့ရတော့လည်းရန်တွေ့ချင်တဲ့စိတ်တွေကကြက်ပျောက်ငှက်ပျောက်ပင်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမတရားတဲ့ရန်ပွဲကြီးကိုတော့ဒီတိုင်းကျော်မသွားနိုင်ပါဘူး။ပြီးတော့yoongiကိုလည်းတစ်ယောက်တည်းမထားခဲ့နိုင်ဘူး။မျက်နှာတစ်ခုလုံးဒဏ်ရာတွေချည်းပဲမို့။

" ဦးလေး ကားရပ်ပေးပါ "

"ဘာလုပ်မလို့လဲ jimin မင်းရန်ပွဲထဲတော့ပါမလို့လို့တော့မပြောနဲ့နော် "

"အေး ဒီလိုမတရားတာကြီးကတော့လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ပြီးတော့yoongiကငါတို့အတန်းထဲကလေငါမသိချင်ယောင်မဆောင်နိုင်ဘူး "

" အင်းအဲတာတော့ဟုတ်တယ် ငါတို့ဒီတိုင်းတော့ကျော်သွားလို့မရဘူး ဒါပေမဲ့ငါတို့ဒဏ်ရာတွေရလာရင် ဘယ်လိုပြောမလဲappaကို "

" ထားလိုက်ကွာ နောက်ပြဿနာနောက်ရှင်းပဲ အခုတော့ ဟို အချေတော်ကြီးကခံနေရပြီး အမြန်ဆင်းခဲ့ကားပေါ်ကနေ "

" အေးပါကွာ "

Taehyungကို​ပြောပြီးတာနဲ့ ရန်ပွဲဆီကိုနှစ်ယောက်သားဦးတည်ခဲ့ကြသည်။

" ဟေ့ရောင်တွေ မင်းတို့ရန်ဖြစ်နေတာကမမျှတဘူးထင်တယ် ရန်ဖြစ်ချင်လဲ by oneချင်းချတာမဟုတ်ဘူး ဘာလဲ ကလေးကလား ငါးယောက်တစ်ယောက်အနိုင့်ကျင့်နေတာလား "

Trauma 🩹💔🩹Where stories live. Discover now