Trauma( 2 )🩹💔🩹

209 27 8
                                    

DAEGU အထက်တန်းကျောင်း


အထက်တန်း section { C }အခန်းထဲမှာတော့ကျောင်းသားတွေရဲ့တစ်ယောက်တစ်ပေါက်ဆူညံသံတွေ ကအပြင်ကနေတောင်အတိုင်းသားကြားနေရတာ။

အထဲကြည့်လိုက်တော့လည်း~~~~

ဘယ်လောက်ပြင်ပြင်လှမလာတဲ့မျက်နှာကိုဆေးဆိုးပန်းရိုက်လုပ်နေတဲ့ကျောင်းသူတစ်ချို့ရယ်၊ အဖက်တွေအရည်တွေထည့်ပြီးတော့ဓာတ်ပုံရိုက်နေတဲ့ကျောင်းသူတွေရယ်။

ဒါတင်လားဆိုတော့မဟုတ်သေးဘူး၊နားကြပ်ကြီးတပ်ပြီးတော့သီချင်းတွေလျှောက်အော်ဆိုနေတဲ့ကောင်တွေရယ်။
တကယ်ပါတောင်လိုလိုမြောက်လိုလိုကောင်တွေ။စာမရတာလဲပြောမနေနဲ့တစ်နေ့တစ်နေ့မဟုတ်တာတွေပဲလုပ်ပြီးတော့ အချိန်ကုန်နေတာလေ။

နောက်ပြီးတော့ရှိသေးတယ် ကျောင်းမှာလူဆိုးလုပ်နေတဲ့ကောင်တွေရယ်။တစ်ခါတစ်လေဒီကောင်တွေဘယ်လောက်ဆိုးလဲဆိုးရင်ကိုယ်ရှေ့မှာတောင်ကျောင်းသားအချင်းချင်းအနိုင်ကျင့်ချင်နေသေးတယ်။

အနိုင်ကျင့်တာလဲတခြားကျောင်းသားတွေဆိုရင် ဆရာတွေကိုကြောက်လို့သိပ်မလုပ်ရဲ့ကြပေမဲ့ ဘတ်ချွဲမင်းဆိုတဲ့ကောင်ကတော့ ဆရာကိုတောင်ဂရုမစိုက်တဲ့ကောင်။ အဲလို ဂရုမစိုက်ခြင်းကလည်းဖအေဖြစ်တဲ့ကျောင်းအုပ်ကြီးဘတ်ရဲ့အရှိန်အဝါနဲ့ကာကွယ်ပေးမှုကြောင့်ပဲလေ ဒီကောင်ကရောင့်တတ်လာတာလေ။

ဟော ဟော ​အခုပဲကျောင်းသားသစ်တွေကို မိတ်ဆက်ပေးမလို့ကျောင်းခန်းထဲဝင်ခါရှိသေးတယ်။ ဒီကောင်က ဟိုကောင်လေးကိုထိုးဖို့ရွယ်နေသေးတယ်တယ်။

ဟိုကောင်လေးကလည်းမထီတဲ့မျက်နှာဘေးနဲ့ သူကိုယ်ထိရင် ပြန်တွယ်မဲ့အနေအထားကအဆင်သင့်။ ဒီနှစ်ယောက်တော့ဘယ်လိုဖြစ်ပြီးတော့ထိပ်တိုက်တွေပဲလာတွေ့နေလဲမသိဘူး။

အခန်းထဲဟာတွေကလည်းသစ္စာရှိတယ်ရန်ဖြစ်နေရင်းဘယ်သူမှလာမပြောဘူး။သူကပါပွဲကြည့်ပရိတ်သတ်လုပ်နေကြပြန်တယ်။တကယ်ပါဒီကလေးတွေစိတ်ထဲဘာတွေကများဒီလိုမျိုးဖြစ်စေတာပါလိမ့်။

အခြေအနေကမဟန်တော့ ကိုယ်ကပဲကိုယ်ရောက်နေကြောင်းကိုအသိပေးရတော့တယ်။

Trauma 🩹💔🩹Nơi câu chuyện tồn tại. Hãy khám phá bây giờ