Trauma( 5 )🩹💔🩹

135 16 3
                                    

Daegu မြို့ နမ်ဆမ်ရက်ကွက်လေးထဲမှာတစ်ယောက်ပုခုံးကိုတစ်ယောက်ဖက်ရင်းနဲ့လောကကြီးကိုခစောင်းတင်ပစ်လိုက်မယ်လို့ကြိမ်းဝါးသွားတဲ့ကောင်လေးနှစ်ယောက်ကတော့ လောကဓံရဲ့ခါးသီးမှုတွေကိုမြိုချပြီပတ်ဝန်းကျင်ရဲ့ရှုတ်ချမှုကိုတောင့်ခံထားဆဲပါ။



ပြောရရင်သန်မာချင်ယောင်ဆောင်ထားတဲ့ကောင်လေး၊အိပ်မက်တွေကိုပိုက်ရင်းDaeguမှာဂီတကိုအောင်မြင်ချင်တဲ့ကောင်လေး၊ဒီကောင်လေးရဲ့စိတ်ဒဏ်ရာကိုတော့ဘယ်သူကသိပါ့မလဲ အင်းလေ သူကိုယ်တိုင်တောင်ရေရေရာရာမသိခဲ့တာ ဒါမှမဟုတ် မင်းရေကရော သိနေမလား ?



~~~~~~~~~~~~




ညကသောက်ထားလိုက်တာမို့နိုးလားတော့လည်းခေါင်းကတော့တဆစ်ဆစ်နဲ့ကိုက်လာတုန်း၊ ဘေးဘီကြည့်လိုက်တော့ဟန်ဆောင်းထယ်ကမရှိတော့ဘူး၊ဘာလဲအစောကြီးနိုးနေတာလား။



တွေးနေရင်းနှာခေါင်းနားကိုကျီစယ်နေတယ်ဟင်းနံ့ကတော့မွှေးနေသည်။ဒါဆိုဒီကောင်ကမနက်စာ စားဖို့ပြင်ဆင်နေတာလား။အင်းလေနိဂိုထဲကလည်းစောစောထတဲ့ကောင်ဆိုတော့လည်းနိုးနေတာဖြစ်မယ်၊ကျွန်တော်ကသာ အိပ်ရတာကိုကြိုက်တာ၊ဆောင်းထယ်ကတော့ဘယ်လောက်ပဲသောက်သောက်၊ဘယ်လောက်ပဲမူးနေမူးနေဘယ်လောက်ပဲပင်းပန်းပင်ပန်းအိပ်ရာတော့စောစောထတတ်တယ်။




အခုလည်း မနက်စာ စားဖို့ချက်ပြုတ်နေတာပဲနေမှာ။နှစ်ယောက်မရှိတဲ့သူငယ်ချင်းလေးပြင်ထားတဲ့မနက်စာကိုစားဖို့မျက်နှာသစ်သွားတိုက်ဖို့ရေချိုးခန်းကိုဝင်သွားလိုက်သည်။




" Yoongi yarr Min yoongi
မင်းမပြီးသေးဘူးလားကွာ ဒီမှာဟင်းတွေအေးကုန်တော့မယ်ဟ ရေချိုးခန်းထဲသေနေလား လဒရဲ့ "



" shit ! လာပါပြီကွာ မင့်ဘိုးအေမို့အော်နေလား မအေဘေးရဲ့ လာပြီ"


" လာပြီးဆိုလဲထိုင် ရော့မင်းအတွက်ငါပဲပင်ပေါက်ဟင်းချို ချက်ထားတယ် အမူးပြေအောင်သောက်အုံး "

" အေးပါ "

" ရော့အသားလဲထည့်စား မင်းအသားကြိုက်တယ်မလား "

Trauma 🩹💔🩹Where stories live. Discover now