Trauma( 3 )🩹💔🩹

163 23 3
                                    

part ( 3 )

နေ့သစ်ကိုစတင်တဲ့မနက်ခင်းကတော့တခြားလူတွေအတွက်တော့နိဗ္ဗာန်Minyoongiအတွက်ငရဲလိုပင်မိုးလင်းကတည်း ​ကျက်သရေကမရှိတာ။ ခါတိုင်းလိုပဲရန်ဖြစ်နေတာပါပဲ။အချိန်တိုင်းရိုးတယ်မရှိအောင်ပစ်ပစ်ခါခါပြောနိုင်လွန်းတဲ့Ommaဆိုတဲ့သူကိုတော့Yoongiမုန်းမိပါသည်။

အခုလည်းကျွန်တော်ရဲ့ပီယာနိုလေးကိုရောင်းမယ်လုပ်နေတဲ့အမေဖြစ်သူကြောင့်ကျွန်တော်နဲ့ကထိပ်တိုက်ရန်ဖြစ်ရပြန်ပါသည်။

ဒီပီယာနိုလေးကကျွန်တော် အရမ်းကြိုက်တဲ့အရာလေး။ဒီအိမ်ထဲမှာကျွန်တော်တန်ဖိုးထားတဲ့တစ်ခုတည်းသောအရာလေးပါ။ကျွန်တော်မှာဘာမှမရှိဘူး၊ပိုင်တာဆိုလို့ဒီပီယာနိုလေးတစ်ခုပဲရှိတာ။ အခုတော့ကျွန်တော်ပိုင်ဆိုင်တဲ့တစ်ခုတည်းသောဒီပီယာနိုလေးကိုတောင်ရောင်းပစ်ဖို့လုပ်နေတယ်တဲ့။အကြောင်းအရင်းကတော့Hyungစာကျက်တာကိုအနှောင့်အယှက်ဖြစ်လို့တဲ့။

ငယ်ငယ်လေးကတည်းက အရာအားလုံးကHyungအတွက်ချည်းပဲ။အဝတ်အစားလားHyungအကျပဲဝတ်ခဲ့ရတဲ့ကျွန်တော်၊ လွယ်အိတ်လားhyungအကျပဲလွယ်ခဲ့ရတဲ့ကျွန်တော်၊ဖိနပ်လားhyungမစီးချင်တော့တဲ့ဟာတွေပဲစီးခဲ့ရတဲ့ကျွန်တော်၊Hyungဆီမှာဖိနပ်သုံးလေးရံလောက်ရှိပေမဲ့ကျွန်တော်ဆီမှာတော့ဖိနပ်တစ်ရံတောင်ကောင်းကောင်းမရှိခဲ့ဘူး။

Hyungကိုပဲဦးစားပေးခဲ့ကြတာhyungနဲ့ယှဥ်ရင်ကျွန်တော်ကတော့အမြဲတမ်းလိုလိုဘေးလူပဲဖြစ်သွားရတာ။အခုလဲကျွန်တော်တန်ဖိုးထားရတဲ့ဟာကိုရောင်းပစ်မလို့တဲ့။

" ဟဲ့နင်ရဲ့ တန်ဖိုးမရှိတဲ့ဒီဟာကိုရောင်းတော့ဘာဖြစ်လဲ အလကားအရည်မရအဖက်မရဒီလိုဟာတွေလုပ်နေလို့နင်ဘဝကောင်းစားမယ်ထင်နေတာလားစာလဲသေချာမလုပ်၊တွေ့တဲ့နေရာမှာရန်ဖြစ်၊ပွဲတိုင်းကျော်နေတဲ့ အကောင်ကများ ရောင်းတော့ဘာဖြစ်လဲ

နင့်hyungကိုကြည့်လိုက်စမ်း စာလဲတော်တယ်လိမ္မာလဲလိမ္မာတယ်၊အလုပ်လဲအတည်တကျရတော့မယ်၊နင်ကတော့ကြည့်လိုက်ပါအုံး၊

ငါနှယ်ဘယ်လိုဟာမျိုးကိုမွေးထားမိပါလိမ့်၊ မမွေးခဲ့ရရင်ကောင်းသားဒီလိုကောင်မျိုးကို။ ငါ့သားကတက္ကသိုလ်ကျောင်သားဖြစ်နေပြီး စာတွေကျက်ရမှာတေရှိတယ်၊နင်ရဲ့အဲဟာအသံကြီးနဲ့ဘယ်လိုလို့စာကျက်လို့ရမှာလဲ "

Trauma 🩹💔🩹Where stories live. Discover now