Trauma ( 11 ) 🩹💔🩹

192 16 0
                                    

တကယ်တော့Yoongiစိတ်နဲ့လူနဲ့မကပ်တာကAuditionဖြေပြီးထားတဲ့တစ်ပက်လုံးလုံး အခုချိန်ထိ ဘာသတင်းမှမကြားရသေးတာကြောင့်ပင်ဖြစ်သည်။

မမျှော့်လင့်ထားဘူးဆိုပေမဲ့လည်း အကောင်းဆုံးဖြေနိုင်ခဲ့တဲ့ဒီAuditionကိုတော့နည်းနည်းလောက်မျှော်လင့်မိတာများလား

ဟင့်အင်းအများကြီးများမျှော်လင့်နေမိတာလား..တကယ်လို့ငါသာပါလာသွားရင်ဆိုတဲ့တွေးလေးတော့ဝင်မိသည်။မဟုတ်ဘူးငါသာပါသွားရင်ဆိုပြီး စိတ်ကူးယဥ်ပြီးပုံဖော်နေတာများလား မသိတော့ဘူး ငါ့ခေါင်းတွေရှုပ်ထွေးလာပြန်ပြီ။

အရမ်းကြီးလည်းမမျှော်လင့်ရဲဘူးငါမျှော်လင့်မိရင်ဖြစ်မလာတာတွေကများလွန်းလို့ ကျွန်တော်မျှော်လင့်ချက်ထားရမှာကိုကြောက်နေမိတယ်။တကယ်တော့ကျွန်တော်အရာအားလုံးကိုကြောက်နေမိတာ....

ကျွန်တော်မျှော်လင့်မိတဲ့မိဘတွေဆီကဂရုစိုက်မှုကိုရော။အရှုံသမားဖြစ်နေတဲ့ကျွန်တော်ကိုလူတွေဝိုင်းကြင်ကြတာသိပေမဲ့ကျွန်တော်အပေါ်ဂရုစိုက်ပြီးကြင်နာမယ်ထင်မိတဲ့လူတွေကဝိုင်းကြင်တာလောက်တော့ကျွန်တော်ဘဝမှာနာကျင်ရတာမရှိဘူး

ဒီနေ့တော့ပြုံးရယ်မိပါသည်။ကျွန်တော်မှာနာကျင်စရာဆိုတာကိုတောင်ဘာမှန်းမသိတော့သည်အထိ....

တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးနေမိသည်။
ပျော်နေတယ် ကျွန်တော်တကယ်ပျော်နေတယ်.....

" Hyungကဒါလေးတပ် "

" ဟာ ကလေးကလားနဲ့မတပ်ချင်ပါဘူး"

" Hyungကလည်း တပ်လိုက်ပါ hyungနဲ့ဆိုအရမ်းလိုက်မှာHyungရဲ့ "

သနားစရာပုံစံလေးလုပ်ပြပြီးချစ်စရာကောင်းအောင်လုပ်ပြနေတဲ့jiminရယ်ပါ အချိန်ဖြုန်းပေးပါလို့ သူခေါ်ရာနောက်ကို လိုက်လာမိပါတယ် ကစားကွင်းကို ခေါ်လာတဲ့ကောင်လေး တခြားသွားစရာနေရာတွေအများကြီးရှိနေတာကို ကစားကွင်းကိုလာတယ်တဲ့ ကလေးကလားနဲ့ တကယ်....

ဒါပေမဲ့လည်း သူရဲ့ကလေးဆန်မှုလေးကပဲကျွန်တော်ကိုပြုံးပျော်စေနိုင်သည်။ဒီကောင်လေးက အူကြောင်ကြောင်လေးရယ် ချစ်စရာ​ကောင်းတဲ့ကျွန်တော်ရဲ့ အူကြောင်ကြောင်ကောင်လေး.....

Trauma 🩹💔🩹Where stories live. Discover now