Trauma( 6 )🩹💔🩹

125 13 5
                                    

" Minyoongi shii ဝင်လို့ရပါပြီ "

ကျွန်တော်နာမည်ကိုခေါ်လိုက်တာနဲ့ရင်စိတ်လှုပ်ရှားလွန်းလို့ခန္ဓာကိုယ်တစ်ခုလုံးထုံကြင်သွားသလိုပင်၊ဘာခံစားမှုမှခံစားလို့မရ၊ရင်တုန်ပန်းတုန်ဖြင့်သာထိုင်မရထမရ၊စာမေးပွဲဖြေတာကိုတောင်ဒီလောက်စိတ်မလှုပ်ရှား။ဒီတစ်ခေါက်တော့​ကျွန်တော်ကျော်လွှားနိုင်ရမယ်၊ဒီတစ်ခေါက်တော့အရင်လိုဖြစ်လို့မဖြစ်ဘူး။သေချာပေါက်လဲလုပ်နိုင်ရမယ်။ကိုယ်ကိုကိုယ့်အားတင်းထားရင်Auditionဖြေမဲ့အခန်းထဲကိုရှေ့ကဝန်ထမ်းလေးရဲ့လမ်းပြမှုဖြင့်လိုက်လာခဲ့သည်။

ကျွန်တော်Auditionဖြေဖို့ဆုံးဖြတ်လိုက်တယ်၊သေချာပေါက်ဒီတစ်ခါတော့ရအောင်လုပ်ရမယ်မလား၊ကျွန်တော်ကြုံးဝါးခဲ့မှုတွေကိုသက်သေပြရမယ်။

Auditionအခန်ထဲဝင်လိုက်တော့လူလေးယောက်ထိုင်နေတယ်။Bangsihyukဆိုသောလူဆိုတာဒီလူလား။လေးယောက်ထိုင်နေသောခုံမှအလယ်ကလူ။သူတို့ရှေ့ကနာမည်ကဒ်ကြောင့်ထိုလူဟာBangsihyukဆိုတာကိုကျွန်တော်သိရသည်။

ထိုလူဟာခပ်ပုပုခပ်ဝဝနဲ့မျက်မှန်တတ်ထားကာကျွန်တော်ကိုကြည်နေသည်။နောက်တော့မေးတာက...

" Minyoongiနော်မင်းဘယ်အပိုင်းကျွမ်းကျင်လဲမင်းကျွမ်းကျင်တဲ့အပိုင်းကနေပြီးတော့ဆို ကိုယ်တိုင်ရေးထားတာစာသားတွေရှိရင်လဲ ဆိုလို့ရတယ် မင်းရဲ့အရည်အချင်းကိုကြည့်ချင်တယ် "

သူပြောပြီးတာနဲ့သူဘေးကသူတွေဟာလည်း..

" ဟုတ်တယ် ငါတို့မင်းရဲ့အရည်အချင်ကိုကြည့်ချင်တယ်စိတ်ဖိစီးစရာမလို့ဘူးလွတ်လွတ်လပ်လပ်ဆို "

" ဟုတ်ကဲ့ "

ကျွန်တော်လည်းဘာဆိုရမှန်းမသိတော့ပါဘူး။ဒီကိုမလာခင်ကကြိုတင်ပြင်ထားပေမဲ့ဒီရောက်တော့ကျွန်တော်စိတ်လှုပ်ရှားလွန်ပြီးတော့ဘာဆိုရမှန်းမသိတော့ဘူး။နောက်တော့ကျွန်တော်မကြာသေးခင်ကမှရေးထားတဲ့rapတစ်ပုဒ်ကိုဆိုပြလိုက်တယ်။

အတတ်နိုင်ဆုံးအကောင်းဆုံးကျွန်တော့်rapတွေကိုရွတ်ပြလိုက်တယ်။ပြီးတော့Bangsihyukဆိုသူကထပ်ပြီးတော့ပြောတယ်။မင်းတခြားဘာတွေရသေးတယ်လဲဘာတွေလုပ်တတ်သေးလဲတဲ့။

Trauma 🩹💔🩹Where stories live. Discover now