intro

903 81 25
                                    

...
အထက်​တန်း​ကျောင်းအ​​ရှေ့တွင်​ အစီအရီစိုက်​ပျိုးထား​သော ​ရောင်​စုံပန်းပင်​က​လေးများ တင့်​တယ်​လှပလျက်​ရှိသည်​။ကျောင်းခြံစည်းရိုးအ​ရှေ့တွင်​လည်း စီရီစွာရပ်​နားထားကြ​သော ​ကျောင်းသားများ၏စက်​ဘီးများ ရှိ​နေ​လေသည်​။

"နမ်​ဂျွန်း...!!"

ကလင်​ ကလင်​ ကလင်​**

စက်​ဘီးဘဲလ်​တီးသံများ ဆက်​တိုက်​ထွက်​​ပေါ်လာ​သော​ကြောင့်​ နမ်​ဂျွန်း၏လက်​ထဲမှစာအုပ်​အထူများ ​မြေပြင်​အ​ပေါ်သို့ လွတ်​ကျကုန်​ကြသည်​။ထိုစက်​ဘီး​သူ့​ဘေးနားတွင်​ ရပ်​နားလာ​သော်​ သူသက်​ပြင်းအသာရှိုက်​မိပြီး ​မြေပြင်​အ​ပေါ်ရှိသာအုပ်​များအား​ကောက်​ယူလိုက်​သည်​။

"ဒါကိုယူလိုက်​..."

သွားတန်း​ဖွေး​ဖွေး​လေး​တွေလှစ်​​ပေါ်သည်​အထိနှစ်​ခြိုက်​စွာပြုံ​နေ​သောအကြင်​သူကိုမြင်​ရ​သောအခါ နမ်​ဂျွန်းကြိတ်​ကြည်​နူးမိသည်​။ကျောင်းအကျီ င်္အိပ်​ကပ်​အတွင်းမှထုတ်​​ပေးလာ​သော ပန်းနု​ရောင်​လက်​ကိုင်​ပုဝါ​လေးနှင့်​ ဖုန်​စအနည်းငယ်​​ပေသွား​သော စာအုပ်​​၏အဖုံးအ​ပေါ်သို့ဖိသုတ်​လိုက်​မိသည်​။

"နမ်​ဂျွန်းစိတ်​​ကောက်​မသွားပါနဲ့ကွာ ငါအရှိန်​မထိန်းနိုင်​လိုက်​လို့ပါ ​နော်​..."

ကျောင်းဝန်းအတွင်းသို့​လျှောက်​လာသည့်​လမ်းတစ်​​လျှောက်​တွင်​ ​ကြွေကျ​နေ​သော​ရော်​ရွက်​ဝါများရှိ​နေသည်​။နမ်​ဂျွန်း၏​ဘေးတွင်​​တော့ ငိုသံကြီးလုပ်​ယူကာ တ​ကောက်​​ကောက်​လိုက်​​ချော့​နေ​သော ​ဆော့ဂျင်​ရှိသည်​။

ငိုသံနှင့်​မရ​သောအခါ နမ်​ဂျွန်း၏လက်​​မောင်းအ​ပေါ်သို့လက်​​ချောင်း​ကောက်​​ကောက်​​လေးများကုတ်​တွယ်​လာကြသည်​။လှေကားထစ်​အ​ပေါ်တက်​လာကြ​သော သူတို့နှစ်​ဦး၏ရှူးဖိနပ်​အနက်​​ရောင်​များမြန်​ဆန်​​နေကြသည်​။

အထက်​တန်းဒုတိယနှစ်​ တန်းခွဲAအ​ရှေ့သို့​ရောက်​လာသည်​အထိပင်​။

"ကိုယ့်​အခန်းကိုယ်​သွား​တော့ ​ဆော့ဂျင်​"

"စိတ်​မ​ကောက်​မှသွားမယ်​..."

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now