3

269 63 14
                                    

...
မေ​မေ၏ကလစ်​​သေး​သေး​လေးတစ်​ခုအား ​ဆော့ဂျင်​ဆံပင်​လုံးလုံး​လေးအ​ပေါ်တွင်​ညှပ်​လာခဲ့သည်​။စက်​ဘီးအားတမင်​မယူလာဘဲ အပြန်ကျမှနမ်​ဂျွန်းအားနှိပ်​စက်​ပစ်​ရန်​ ​ဆောဂျင်​ကြံရွယ်​ထားသည်​။

စာအုပ်​အငှါးဆိုင်​အ​ရှေ့သို့​ရောက်​လာရင်း ​ရော်​ရွက်​​ခြောက်​များအားလှဲ​နေ​သောနမ်​ဂျွန်း၏​ကျောပြင်​ကို​တွေ့လိုက်​ရသည်​။
ခြေလှမ်းကိုခပ်​ဖွဖွနင်းသွားပြီး​နောက်​ နမ်​ဂျွန်း၏မျက်​လုံးများအား သူ့လက်​နှစ်​ဖက်​နှင့်​​​ခြေဖျား​ထောက်​ကာ ဖိပိတ်​လိုက်​သည်​။

"အင်းမ်း....​​ဆော့ဂျင်​.."

ဆော့ဂျင်​၏ပိတ်​ထား​သောလက်​များအား နမ်​ဂျွန်းဆုပ်​ကိုင်​လိုက်​ပြီး​နောက်​တွင်​ လက်​ထဲသို့တံမြက်​စည်း​ရောက်​လို့လာသည်​။ဆော့ဂျင်​နှုတ်​ခမ်းစူမိသွားပြီး ဆိုင်​အတွင်းပြန်​ဝင်​​တော့မည့်​နမ်​ဂျွန်းအ​နောက်​သို့​ပြေးလိုက်​သွားသည်​။

စုလှဲထား​သော​ရော်​ရွက်​ဝါများ ပြန့်​ကျဲကုန်​ကြသည်​..။

"နမ်​ဂျွန်း...အတူတူလှဲမယ်​"

နမ်​ဂျွန်း၏ခပ်​ကြီးကြီးလက်​ဖဝါးများအားဆုပ်​ကိုင်​မိ​တော့ ​ဆော့ဂျင်​၏လက်​​ချောင်း​ကောက်​​ကောက်​က​လေးများနစ်​ဝင်​သည်​။တစ်​ဖက်​သို့လှည့်​လာ​သော နမ်​ဂျွန်း၏မျက်​နှာတွင်​ပါးချိုင့်​များကိုတခနမြင်​လိုက်​ရသည်​။

"ဟ..​ဆော့ဂျင်​!"

"ဟင်းဟင်းဟင်း အတူတူလှဲကြမယ်​"

ဆော့ဂျင်​ အနားသို့ကပ်​လာ​သောနမ်​ဂျွန်း၏ရင်​ဘက်​အားတွန်းထုတ်​ပြီး​နောက်​ ခြံ​ထောင့်​ရှိလဲ​နေ​သောတံမြက်​စည်းအား​ပြေးယူသည်​။ဖေ​ဖေ့အကျီ င်္အ​ဟောင်းအားဝတ်​ခဲ့လို့ ​​ဆော့ဂျင်​သည်​​သေး​ကွေးကာသိပ်​ချစ်​စရာ​ကောင်း​နေခဲ့သည်​။

ခြံထဲတွင်​ပတ်​​ပြေး​နေခဲ့လို့ ​သပ်​သပ်​ရပ်​ရပ်​ရှိ​နေခဲ့​သော​ရော်​ရွက်​ဝါများသည်​လည်း ဟိုတစ်​စ၊ဒီတစ်​စနှင့်​။အပင်​ကြီးအ​ပေါ်မှ ရွက်​​ခြောက်​များထပ်​မံ​ကြွေကျလာ​သော်​ နမ်​ဂျွန်းတစ်​မနက်​လုံးလှဲခဲ့သည်​များမှာလည်း အလဟဿ..။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now