13

167 28 8
                                    

...

ကျောင်းပိတ်​ရက်​ရှည်​နီးလာသည်​နှင့်​အမျှ စာ​မေးပွဲကြီးသည်​လည်းကပ်​လာပြိဟုအသိတရားဝင်​ရပါသည်​။သို့​သော်​ Cခန်းရှိအခန်းသူ၊အခန်းသားများသည်​​တော့ စာ​မေးပွဲဟူသည်​ဝမ်းစပ်​ဘဂျက်​..ဝမ်းနိုက်​လည်းဖြစ်​သည်​ဟုခံယူထားသည့်​ တစ်​ကျိတ်​တည်း၊တစ်​ဥာဏ်​တည်းဟိုက်​ပါကြီးများဖြစ်​ကြ​လေသည်​။

ယခုလည်းPEအချိန်​တွင်​ ဆရာခွင့်​ယူထား၍လွတ်​လပ်​​ရေးရကာ ​ဆော့ဂျင်​တို့အဖွဲ့ ချက်​စ်​​ကစား​နေကြသည်​။မတူညီ်​စွာပင်​..အခန်းအတွင်းဝယ်​မိန်းက​လေးများမှာ​တော့ သူတို့၏အိုင်​​တောအ​ကြောင်း၊ခရက်​ရှ်​​အ​ကြောင်း​ပြောရင်းအချိန်​ကုန်​​နေကြသည်​။

"​ဆော့ဂျင်​ အကြာကြီးစဉ်းစားမ​နေနဲ့ကွာ..ရှုံးမှာပဲကို.."

"​ဟေ့​ကောင်​ ဘာကိစ္စရှုံးရမှာလည်း ​စော်​ပစ်​​ကောင်​ရဲ့..မင်းပါးစပ်​ပုပ်​ကြိးနဲ့မ​ပြောစမ်းနဲ့ !"

ဆော့ဂျင်​နံ​ဘေးရှိအတန်း​ခေါင်း​ဆောင်​အားပိတ်​​ဟောက်လိုက်​ပြီး​နောက်​ ခုံ​ပေါ်တွင်​​ခြေချိတ်​ထိုင်​ကာ​ဂိုဏ်း​ခေါင်း​ဆောင်​ကဲ့သို့ပြုမူ​နေလိုက်​သည်​။မျက်​နှာချင်းဆိုင်​ရှိပြိုင်​ဘက်​​ကောင်​ကိုလည်းတစ်​ချက်​ကြည့်​လိုက်​​သေးသည်​။အမှန်​​တော့ချက်​စ်​မကစားတတ်​ပါ။

"kingကို​ရှေ့ထုတ်​လိုက်​မယ်​.."

ဘုရင်​စစ်​တုရင်​အရုပ်​ကိုသူဆွဲကိုင်​ကာ ဟန်​​ဆောင်​​ကောင်း​ကောင်းနှင့်​​ပြောမိ​တော့နံ​ဘေးရှိဝိုင်း​နေ​သော​ကောင်​များဟာ အသံကျယ်​ကျယ်​များနှင့်​ရယ်​​တော့သည်​။ဆော့ဂျင်​နှုတ်​ခမ်းစူထွက်​သွားပြီး​နောက်​ ဆံပင်​လုံးလုံးများအား​မွှေ​နောက်​မိလိုက်​သည်​။စိတ်​အလွန်​ရှုပ်​ရပါသည်​။

"မ​ဆော့တတ်​လည်း မ​ဆော့နဲ့ကွာ..ထွက်​​တော့.."

"မ​ဆော့ပါဘူး Aခန်းကအတန်းချိန်​မပြီး​သေးလို့ မင်းတို့​နဲ့​နေ​နေတာ ထွက်​တယ်​ကွာ ထွက်​တယ်​.."

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now