9

345 57 40
                                    

...
ကျောင်း​ရှေ့တွင်​စက်​ဘီးနှစ်​စီးကိုအတူရပ်​မိတိုင်း အဖြူ​ရောင်​ပန်းပွင့်​​လေးများအားကြည့်​မိသည်​။နမ်​ဂျွန်းသူ့အားပန်းပွင့်​မ​ပေး​တော့တာသိပ်​ကြာပြီ။စာအုပ်​ထဲရှိပန်းပွင့်​က​လေးသည်​လည်းညှိုး​တော့မည်​။

ကင်​မ်​နမ်​ဂျွန်းသည်​ ဒီ​နေ့သူမျက်​စိကျ​နေ​သော​ကောင်​မ​လေးနှင့်​စကား​သွား​ပြောမည်​ဟုဆိုသည်​။သိ​လိုက်​ရတာက နမ်​ဂျွန်းသူ့အ​ပေါ်စိတ်​က​စားတာမျှသာဖြစ်​ပြီး ချစ်​တယ်​ ဟူ​သောစကားလုံးများသည်​မုသားများသာဖြစ်​မည်​။

အမှန်​တရား ခါးသက်​သည်​ ဆိုတာဟာသိပ်​မှန်​သည်​။တစ်​​နေကုန်​လိုက်​ရှုပ်​ဖို့အစီအစဉ်​ဆွဲထားရင်း ပထမဆုံးအ​နေဖြင့်​​ စက်​ဘီး​ဒေါက်​​ထောက်​​နေ​သောနမ်​ဂျွန်း၏ရှူးဖိနပ်​အားတက်​နင်းပစ်​လိုက်​သည်​။ရွှံ့​ပေသွား​သောရှူးဖိနပ်​သည်​ မ​တောက်​​ပြောင်​​နေ​တော့ပါ။

နမ်​ဂျွန်သူ့အားကြည့်​လာမှာကိုခန့်​မှန်းမိလို့ လွယ်​အိတ်​ကိုပင့်​တင်​ပြီး​ကျောင်းအတွင်းသို့​ခေါင်းလုံးလုံး​လေးကိုလှုပ်​ရမ်းကာဝင်​လာခဲ့လိုက်​သည်​။အ​နောက်​မှ​ပြေးလိုက်​လာ​သောရှူးဖိနပ်​အသံများအားကြား​နေရသည်​။

သိပ်​မကြာခင်​မှာပဲ သူ့​ခေါင်းလုံးလုံး​လေးရှုပ်​ပွသွားရသည်​။

...

သစ်​ရွက်​တစ်​ချို့နမ်​ဂျွန်း၏​ခေါင်း​ပေါ်သို့​ကြွေကျလာ​သောအခါ ​ဆော့ဂျင်​ကြိတ်​သ​ဘောကျသည်​။စေတနာများပြားစွာဖြင့်​ နမ်​ဂျွန်း၏​သေသပ်​​သောဆံပင်​​များအားဆွဲဖွ​ပေးလိုက်​သည်​။ဆူရှီစား​နေရင်းပင်​ နမ်​ဂျွန်းမျက်​ခုံးကျုံ့သွားသည်။

break timeအချိန်​မို့​ကျောင်းခြံဝန်းအတွင်း၌​ သွားလာ​နေကြ​သော​ကျောင်းသား၊​ကျောင်းသူအ​တော်​များများရှိ​နေ​လေသည်​။နမ်​ဂျွန်းမျက်​လုံးကစား​သွား​သောအခါ ​ဆော့ဂျင်​ထို​နေရာတိုင်း​သို့လိုက်​ကြည့်​မိသည်​။

"ဟိုမှာ..."

နမ်​ဂျွန်းလက်​ညိုးညွှန်​ပြရာသို​ ​ဆော့ဂျင်​ရင်​တမမလိုက်​ကြည့်​မိသည်​။စိတ်​အ​တော်​ပျက်​သွားသည်​။ထူးချွန်​​ကျောင်းသားကိုမျက်​စိကျ​စေ​သောသူဟာ Eခန်းကအရှုပ်​အ​ပွေမတဲ့လား။သူ့မျက်​နှာ​လေးရှုံ့မဲ့လို့သွားပြီး မျက်​လုံး​တွေကြယ်​​ရောင်​​တောက်​​နေ​သော ကင်​မ်​နမ်​ဂျွန်းအား စိတ်​မသက်​သာစွာကြည့်​မိသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now