14

157 22 2
                                    

...

Play list - Love story by indila

နေ​ရောင်​ခြည်​နုနုသည်​ သူ့ပါးပြင်​ထက်​သို့လာ​ရောက်​၍ကျီစယ်​သည်​နှင့်​ နမ်​ဂျွန်း..သူလှုပ်​လှုပ်​ရှားရှားဖြစ်​လာခဲ့သည်​။ပထမဆုံးအသိဝင်​သည်​နှင့်​ သူ့လည်​ပင်းသားထံသို့ရိုက်​ခတ်​ကျီစယ်​​နေ​သောအသက်​ရှူ​ငွေ့​လေးများအား ခံစားမိလိုက်​သည်​။

စာ​မေးပွဲ​ဖြေသည့်​ယ​နေ့သို့​ရောက်​လာသည့်​တိုင်​ မနက်​ခင်းတိုင်းကိုချစ်​ရသူ​လေးနှင့်​ဤသို့စတင်​ရ​လေ့ရှိသည်​။အ​ပေါ်စီးမှမြင်​​နေ​သောမျက်​​တောင်​စိပ်​စိပ်​က​လေးများနှင့်​နှုတ်​ခမ်းဖူးဖူး​လေးဟာ နမ်​ဂျွန်း၏နှလုံးခုန်​နှုန်းက​လေးပဲမဟုတ်​ပါလား..?

နားထင်​စပ်​က​လေးကို​ ခပ်​ကြာကြာဖိနမ်းလိုက်​ပြီးကုတင်​အ​ပေါ်မှထလာလိုက်​သည်​။အိပ်​ခန်းငယ်​အတွင်းတွင်​ သူ့​ခြေသံများထင်​ဟက်​လာလို့ က​လေးသည်​လှုပ်​လှုပ်​ရှပ်​ရှပ်​​တော့ဖြစ်​သွားသည်​။နမ်​ဂျွန်းစားပွဲအ​ပေါ်ရှိ စာအုပ်​အထူများအား လွယ်​အိတ်​အတွင်းသို့သိမ်းဆည်းထည့်​ပြီး​နောက်​ သဘက်​တစ်​ထည်​ကိုပခုံးထက်​သို့​ကောက်​တင်​လိုက်​သည်​။

လွင့်​​မြော​နေ​သောခန်းစီးတို့အားစု၍ချည်​​နှောင်​မိ​လေ​တော့ပြုံး​ယောင်​သမ်း​နေ​သောက​လေး၏မျက်​နှာ​လေးရှုံ့မဲ့သွားရသည်​။အချစ်​ဆိုသည်​မှာ ထာဝရ...ငယ်​ကအချစ်​နှစ်​တစ်​ရာမ​မေ့သာဟုဆိုကြ​သော်​လည်း..နမ်​ဂျွန်း၏အချစ်​ဟာထာဝရပင်​ဖြစ်​သည်​။

"အာ..​ဘောပင်​ကမှင်​​ကုန်​​နေပြီပဲဟ..ချီး..."

ခပ်​တိုးတိုးဆဲ​ရေးမိပြီး​နောက်​ က​လေး၏စားပွဲခုံအံဆွဲကိုဆွဲဖွင့်​လိုက်​မိသည်​။အပိုများရှိလိုရှိငြား​ပေါ့..။

"အံမယ်​ ကင်​မ်​​ဆော့ဂျင်​လိုလူက ဒိုင်​ယာရီစာအုပ်​နဲ့ပါလား.."

တခစ်​ခစ်​ပင်​ရယ်​မိသွားပြီး ​အပူရှိန်​​ကြောင့်​နဖူးစပ်​ထက်​ရှိ​ချွေးစများအားသဘက်​ဖြင့်​ဆွဲသုတ်​လိုက်​မိ​သေးသည်​။စာအုပ်​အတွင်းစာ​များရှိ​လေမလားဟုလှန်​​လှော​နေကြည့်​​သော်​လည်း ​ဗျည်းတစ်​လုံး​တောင်​မှမရှိ..သို့​သော်​..စာမျက်​နှာတစ်​ခုသို့အ​ရောက်​တွင်​​တော့..

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now