final

252 27 13
                                    

...

ဖြူစင်​ခြင်း၏အနက်​ကိုလိုက်​လျှင်​ မျက်​ဝန်းအတွင်း က​လေးကိုမြင်​​ယောင်​သည်​။ထာဝရဟူ​သော​ဝေါဟာရသည်​ က​လေးကိုရည်းညွှန်းခြင်းဖြစ်​သည်​။ဖြူစင်​​သောက​လေးကို သူထာဝရချစ်​ပါသည်​။ပန်းပွင့်​က​လေး​တွေတိုင်းကိုသိမ်းထားတတ်​​​သောက​လေး​ကြောင့်​ ထိုပန်းပွင့်​က​လေး​တွေကိုခူး​ပေးသူသည်​ သူသာအမြဲဖြစ်​ချင်​ခဲ့ပါသည်​။

...

သစ်​ပင်​ရိပ်သည်​ သူတို့နှစ်​ဦးထပ်​သို့အလွန်​ပင်​အရိပ်​ရစွာဖြာကျလျက်​ရှိသည်​။နမ်​ဂျွန်းနှင့်​သူ ယ​နေ့​ပျော်​ပွဲစားထွက်​လာကြခြင်းဖြစ်​သည်​။ဆိုလိုတာက​တော့ နှစ်​ဦးသားစက်​ဘီးနှစ်​စီးနှင့်​​လျှောက်​သွား​နေကြသည်​ဆိုလျှင်​ ပိုမှန်​ပါလိမ့်​မည်။

ယခု​တော့​နေသည်​​ခေါင်းအ​ပေါ်​ရောက်​​နေချိန်​ဖြစ်​၍ သူ​တို့နှစိဦးမြက်​ခင်းစိမ်းများအ​ပေါ်တွင်​ စာအုပ်​များကြားသို့​ရောက်​​နေ​ချိန်​ဖြစ်​​လေသည်​။သူ့လက်​ထဲတွင်​ ပုံဆွဲစာအုပ်​တစ်​အုပ်​ရှိ​နေ​ပြီး ​ဆော့ဂျင်​ဟိုဟိုဒီဒီ​လျှောက်​ဆွဲ​နေ​မိသည်​။နမ်​ဂျွန်းက​တော့ သစ်​ပင်​ပင်​စည်​ကြီးကိုမှီလျက်​ ထုံးစံအတိုင်းစာ​တွေဖတ်​​နေ​လေသည်​။

"ဘာပုံ​တွေဆွဲ​နေတာလည်း..."

"မင်းပုံ​တော့မဟုတ်​ဘူး.."

သူ့​နံ​ဘေးရှိနမ်​ဂျွန်းကိုမျက်​လုံးအသာ​စောင်းကြည့်​၍ခပ်​ပြတ်​ပြတ်​​ပြောမိ​တော့ ရှုံ့သွား​သောမျက်​နှာကို​တွေ့ရသည်​။နမ်​ဂျွန်းသည်​ ဒီလိုအချိန်​တွင်​ချစ်​ဖို့​ကောင်း​ကြောင်းလွန်​ခဲ့​သော​နေ့​တွေကသူသိခဲ့သည်​။နမ်​ဂျွန်းသူ့ကိုစလျှင်​ ​သူ​အော်​ဟစ်​ရုံနှင့်​ပြီးသွားတတ်​​သော်​လည်း နမ်​ဂျွန်းက​တော့ထိုသို့မဟုတ်​ပါ။ဆော့ဂျင်​ အမှတ်​ရသည်​နှင့်​ နှုတ်​ခမ်းကိုလက်​နှင့်​အုပ်​မိသွား​လေသည်​။

သွားပြီ !

"အဟင်း..."

လူယုတ်​မာကဲ့သို့​သောရယ်သံနှင့်​နမ်​ဂျွန်းသည်​စာအုပ်​ကိုမြက်​ခင်းထက်​သို့ပစ်​ချပြီး သူ့ခါးသို့အ​နောက်​မှအလွန်​ပင်​ဖက်​တွယ်​လာ၍ ပခုံးထက်​သို့​မေးတင်​သည်​။မကြာလိုက်​ပါ ပါးထက်​သို့တရှုံ့ရှုံနမ်းလာ​လေသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now