10

164 26 2
                                    

...

က​ေ​လးလေး..။
နမ်​ဂျွန်း၏အဖြူ​ရောင်​ပွင့်​ဖက်​ဆန်​​သော က​လေးငယ်​​လေး..။
အရာရာန​မော့နမဲ့နိုင်​၍စိတ်​မချနိုင်​​သောနှလုံးသားငယ်​​လေး..။

သံ​ယောဇဉ်​ဟူသည်​ သိပ်​ဆိုး​သော ကြိုးတစ်​​ချောင်းဖြစ်​​လိမ့်​မည်​။ဆော့ဂျင်​အ​ပေါ်သံ​ယောဇဉ်​ကြိုးများမြားပြားခဲ့စဉ်​တွင်​ အချစ်​ဟူ​သောပန်းနု​ရောင်​ကြိုး​​လေးသည်​ စတင်​၍ ချည်​သည်​၊​နှောင်​သည်​၊ရစ်​ပတ်​​လေ​သည်​။

တစ်​ဆယ့်​​ခြောက်​နှစ်​အရွယ်​တွင်​စတင်​သိခဲ့​လေ​သော ထိုအမှန်​တရားအားသူဘယ်​​သောအခါမှချစ်​ရသူ​လေးအား​ထုတ်​မ​ပြောရန်​ရည်​ရွယ်​ဖြစ်​ခဲ့​လေသည်​။ထုတ်​​ပြောဖို့ရာ သိပ်​ခက်​ခဲ၍..။အမှန်​​တော့ချစ်​​နေသူ​လေးအားအနားတွင်​ရှိ​စေ၍ တိတ်​တိတ်​က​လေးချစ်​ရသည်​မှာလည်း ဆယ်​​ကျော်​သက်​၏အနုပညာတစ်​ခုဖြစ်​​လေသည်​။

သူ့က​လေးငယ်​သည်​ *ချစ်​မြတ်​နိုးပါတယ်​*ဟူ​သောစာစုငယ်​အား ကြားနာဖို့ရန်​ အထိုက်​တန်​ဆုံး​လေးဖြစ်​သည်​။နမ်​ဂျွန်း..သူက​တော့ဆယ်​​ကျော်​သက်​တွင်​မက..ထာဝရမြတ်​နိုးချင်​မိပါသည်​။

ချစ်​မိကတည်းကမက်​ဖြစ်​ခဲ့​သောအိပ်​မက်​လှလှက​လေးနှစ်​ခုရှိ​လေသည်​။ပန်းပွင့်​က​လေး​တွေကိုမြတ်​နိုးသူက​လေးအား​ပေးမည်​..ထာဝရချစ်​မြတ်​နိုးသွား​လေမည်​..။

...

ထို့​နေ့က​ကျောင်းအ​ရှေ့သို့ဝရုန်းသုဉ်းကားနှင့်​စက်​ဘီးကိုစီးချလာ၍ ကရုဏာ​ဒေါသဝင်​မိသွားခဲ့သည်​။သို့​သော်​အမြဲလိုလိုမဲ့ကျ​သွား​သောမျက်​နှာက​လေးကိုမြင်​မိတိုင်း နမ်​ဂျွန်းသည်​ငယ်​စဉ်​ကအကျင့်​အားမ​ပျောက်​နိုင်​ခဲ့​လေပါ။

*ငါ့မြတ်​နိုးတဲ့ ပန်းက​လေး​တွေထိခိုက်​ကုန်​မှာစိုးလို့*ဟုသူ​ပြောဖြစ်​ခဲ့ခြင်းတွင်​ က​လေးသည်​ အလွန်​စိတ်​ဆိုး၍​ခြေ​တွေပါ​ဆောင့်​ကာထွက်​သွားခဲ့​လေသည်​။အသည်းတယား​အော်​ရယ်​မိခြင်းကိုချစ်​ရသူ​လေးမည်​သို့အဓိပ္ပါယ်​ဖွဲ့မည်​​တော့သူမ​ပြောတတ်​ပါ။ထိုပန်းနုနုက​လေး​တွေအား မြတ်​နိုးမိသူ​လေးကို​ပေးချင်​မိပါသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now