2

310 70 17
                                    

...
သစ်​ပင်​ရိပ်​​အောက်​တွင်​ ဝမ်းလျား​မှောက်​​နေရင်း ​ဆော့ဂျင်​​အော်​ဟစ်​သည်​။လက်​ထဲရှိreport cardအား ယူကျုံးမရစွာပြန်​ကြည့်​ရင်း ဝမ်းနည်းရပြန်​သည်​။

"နားညီး​နေပြီ.."

သစ်​ပင်​အားမှီလျက်​ထိုင်​​နေ​သောနမ်​ဂျွန်းသည်​ စာအုပ်​ဆိုင်​မှငှါးထား​သောစာအုပ်​အားအဖတ်​မပျက်​ဘဲ ညီးတွားလာသည်​။
ဆော့ဂျင်​ နမ်​ဂျွန်းအားreport cardနှင့်​ပစ်​​ပေါက်​ရန်​ပြန်​ပြီးမှ သတိကပ်​လိုက်​ရသည်​။

report card အားလွယ်​အိတ်​အတွင်းသို့ထိုးထည့်​ပြီး​နောက်​မှ ​ဆော့ဂျင်​သည်​ နမ်​ဂျွန်းထံမှ စာအုပ်​အားဆွဲလုယူသည်​။သစ်​ရွက်​​ခြောက်​များ သူ့​ခေါင်းအ​ပေါ်သို့​ကြွေကျလာ​သောအခါ နမ်​ဂျွန်း၏ရယ်​သံဖွဖွထွက်​​ပေါ်လာသည်​။

"​ပျော်​​နေတယ်​​ပေါ့​လေ"

ဆော့ဂျင်​ထပ်​မံ​အော်​ဟစ်​မိပြီး​နောက်​ ​ခြေဆန့်​ထိုင်​​နေ​သောနမ်​ဂျွန်းအ​ပေါ်သို့​ ခွတက်ထိုင်​သည်​။ထုံးစံအတိုင်းသပ်​ရပ်​​နေမြဲဖြစ်​​သော ဆံပင်​များအား​ဆော့ဂျင်​ဆွဲဖွပစ်​သည်​။

မ​ပျောက်​ရှသွား​သော နမ်​ဂျွန်း၏ရယ်​​မောသံများသည်​ ချိုသာ​သော်​လည်း ​ဆော့ဂျင်​အတွက်​​တော့ကန့်​လန့်​တိုက်​​နေလွန်းသည်​။

"နမ်​ဂျွန်း...!!"

သူ့​အော်​သံများနှစ်​ဆကျယ်​​လောက်​သွား၍ နမ်​ဂျွန်းရယ်​​မော​နေရာမှရပ်​တန့်​သွားသည်​။ရယ်​​မောခဲ့ရ၍​အောင့်​​နေ​သော​ဗိုက်​သားအားနမ်​ဂျွန်းဖိကိုင်​သည်​။သူထို​ဗိုက်​သားအားထိုးရန်​ပြန်​​တော့ သူ့လက်​သီးဆုပ်​အားနမ်​ဂျွန်းကအမိအရဖမ်းယူသည်​။

နမ်​ဂျွန်း၏အားကိုမယှဉ်​နိုင်​မှန်းသိ၍ ​ဆော့ဂျင်​နှာ​မှုတ်​ထုတ်​ကာနမ်​ဂျွန်းအ​ပေါ်မှဆင်းသည်​။နေဝင်​ချိန်​ကို​ငေး​နေရင်း နမ်​ဂျွန်းလွယ်​အိတိအတွင်းမှတည်​သီးမှည့်​ဘူးကို​ယူကာ ​ဆော့ဂျင်​ဖွင့်​လိုက်​သည်​။

တည်​သီးမှည့်​သည်​ချိုမြိန်​​သော်​လည်း ​ဆော့ဂျင်​​ရောင်​နီအား​ငေး​နေရင်းပင်​မျက်​ရည်​ဝဲလာသည်​။တည့်​သီးအားတစ်​ကိုက်​,ကိုက်​ လိုက်​ရင်း နှာရည်​ကျလာပြန်​သည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now