5

229 52 39
                                    

...
နာရီသံ​တွေတချပ်​ချပ်​​ရွေ့လျား​နေစဉ်​ ​ဆော့ဂျင်​​စောင်​ပုံအတွငိးတွင်​နစ်​မြုပ်​​နေသည်​။ညအ​မှောင်​များအတွင်းတွင်​ ​နှာထိပ်​​လေး​တွေရဲတက်​သည်​အထိ ​ဆော့ဂျငိငို​နေမိသည်​။အရိုက်​လည်းခံထားရလို့ ​ဆေးမထည့်​ရ​သေး​သော​ခြေသလုံး​လေးသည်​ တဆက်​ဆက်​တုန်​သည်​။

စက်​ဘီးလဲစဉ်​ကဒဏ်​ရာ​တွေကပါနာ​နေလို့ ​​ရေစိုဆံပင်​​လေးများနှင့်​​ဆော့ဂျင်​သည်​ ဝမ်းနည်းစိတ်​များ များပြားလို့​နေသည်​။
တိတ်​ဆိတ်​​နေ​သောအခန်းငယ်​အတွင်းတွင်​ ​ဆော့ဂျင်​၏နှာရည်​ရှုံ့သံနှင့်​ရှိုက်​ငိုသံ​များပျံ့နှံ့လို့​နေသည်​။

"ဟိုငနာ​လေးက အခန်းထဲမှာနမ်​ဂျွန်း​​ရေ..မ​ပြောချင်​ဘူး ဂိုက်​ကို​တောင်​လစ်​ရတယ်​လို့ပဲ မိဘကဘယ်​​လောက်​ထိစိတ်​ပူ​နေမလည်းမသိဘူး..ရိုက်​​ရင်​​တော့ငိုရမှန်းသိတယ်​"

မေ​မေ၏ဆူ​အောင့်​​အောင့်​အသံကိုကြားလိုက်​ရ​သော​ကြောင့်​ ​ဆော့ဂျင်​​စောင်​ထဲသို့ပိုမိုတိုးဝင်​မိသွားသည်​။နမ်​ဂျွန်း၏​ခြေသံ​တွေကိုပါကြား​နေရတာ​ကြောင့်​ ပိုမိုဝမ်းနည်​လာရသည်​။တံခါးဖွင့်​သံနှင့်​အတူ မီးခလုတ်​အသံကိုပါကြားလိုက်​ရသည်​။

ဆော့ဂျင်​၏ခန္ဓာကိုယ်​​လေးအင့်​ခနဲတုန်​ယင်​သွားသည်​။

"​နမ်​ဂျွန်း..အင့်​"

နမ်​ဂျွန်းဝင်​လာပြီမှန်း​ဆော့ဂျင်​သိလိုက်​လို့ ​စောင်​အတွင်းမှရုန်းထွက်​လိုက်​သည်​။မီး​ရောင်​​ကြောင့်​ မျက်​လုံး​တွေစူးသွားကြပြီး တံခါးပြန်​ပိတ်​​နေ​သောနမ်​ဂျွန်း၏ရင်​ခွင်​အတွင်းသို့​ပြေးဝင်​သည်​။

ပြန်​လည်​​ပွေ့ဖက်​လာခြင်းမရှိ၍ ဟူဒီဝတ်​ထား​သောနမ်​ဂျွန်း၏ ရင်​ခွင်​အတွင်းသို့နီတာရဲမျက်​နှာ​လေးအား ပိုမိုတိုး​ဝှေ့လိုက်​မိသည်​။သူ့​ခေါင်းလုံးလုံး​လေးသည်​ နမ်​ဂျွန်း၏​မေး​စေ့နှင့်​ထိကပ်​​နေ​လေသည်​။ကျောပြင်​​လေးသည်​တလှုပ်​လှုပ်​နှင့်​ တအိအိငို​ကြွေးသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now