Ep - 2

843 66 1
                                    

~~~Unicode~~~

"ဝတီမောင် ဟဲ့ပြောင်ကြီး"

"နင့်ကိုအဲ့နာမည်မခေါ်နဲ့လို့ပြောထားတယ်နော် ကတုံး"

"နင်လည်းမခေါ်နဲ့လေ အဲ့ကတုံးဆိုတဲ့နာမည်"

"နင်အရင်ပြောင်ကြီးလို့အော်တာလေ "

"အေးပါနောက် ငါမခေါ်တော့ဘူး အိုကေလား" ဝတီမောင်ကျူရှင်သွားဖို့ တိုက်ကနေထွက်လာတုန်း နောက်ကနေ ပြောင်ကြီးလို့ခေါ်ပြီး အောင်နိုင်ဖြိုး ရောက်လာသည်။ အောင်နိုင်ဖြိုးရဲ့အိုကေလားဆိုသည်ကို ပြန်မဖြေပဲ ပခုံးသာ တစ်ချက်တွန့်ပြလိုက်သည်။

"ဝတီ ပြိုင်ပြေးမလား အရင်ရောက်တဲ့သူ ကိုလာတစ်ဘူးကြေး"

"စိန်ခေါ်တာလား ငါအပြေးသန်တာ သိသိနဲ့"

"ဟိုတစ်ခါက ငါခြေထောက်နာနေလို့ပါနော်။ အခုနင် ရှုံးမှာ ဝတီမောင်"

"အောင်နိုင်ဖြိုးရယ် နင်အမြဲလေကြီးတယ်။ စိန်လိုက်လေ"

အော်နိုင်ဖြိုးနှင့် ဝတီ ဝတီတို့လမ်းထိပ်ကနေ စပြေးကြသည်။ ကျူရှင်နှင့် လမ်းသုံးလမ်းလောက်သာလှမ်းသည်မလို့သိပ်တော့မဝေးပါ။ ဝတီမှာ အပြေးသန်လှသည်။ ယောင်္ကျားလေးတွေနှင့်ပင် ပြိုင်ပြေးနိုင်လောက်သည့်မြန်ပါသည်။ ကျောင်း မိန်းကလေးမီတာလေးရာ တစ်ယောက်ထဲပြိုင်ပွဲမှာပင် ရွှေတံဆိပ်ဆုရထားခြင်းဖြစ်သည်။ အိမ်ကလည်းအားကစားကို အလိုက်အထိုက်ခွင့်ပြုသည်မို့ ငယ်ငယ်ကတည်းက ပြေးတာနှင့်ပက်သက်လျှင် စံချိန်တင်တော်လှသည်။  ပြိုင်ပြေးရင်း ဝတီကျူရှင်ရှေ့အရင်ရောက်ကာ ကျူရှင်တံခါးအား ဆွဲအဖွင့်တွင်

"အား.... ဝတီမောင် ဘာတွေရှေ့မကြည့်နောက်မကြည့်ဖြစ်ပြီး နောက်ကလာနေတဲ့ကျွန်မကိုမမြင်ပဲ တံခါးဆွဲဖွင့်ရတာလည်း" နှဖူးကိုလက်နဲ့ပွတ်ကာ ဝတီကိုဆူနေသည့်ဆောင်းမှာ အလွန်ချစ်ဖို့ကောင်းလွန်းသည်။ သည်နေ့ ပန်းရောင်ဝမ်းဆက်ဖြင့် လှချင်တိုင်းလှနေပြန်သည်။ ထူးခြားသည်မှာ သည်နေ့ နှုတ်ခမ်းထပ်မှာ ဆိုးထားသည့်နှုတ်ခမ်းနီပင် ပန်းနုရောင်နှုတ်ခမ်းထပ် ပန်းနုရောင် နှုတ်ခမ်းနီလေးဆိုးထားလေသည်။

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now