Ep - 3

786 62 2
                                    

**Unicode**

The best I can do is tell you to talk to me
It's possible, eventual

Love will find a way
Love will find a way...

Don't say you love me
You don't even know me
If you really want me
Then give me some time
Don't go there baby
Not before I'm ready
Don't say your heart's in a hurry
It's not like we're gonna get married
Give me, give me some time

"ဝတီမောင် သီချင်းအော်ဆိုနေတယ်ဟုတ်လား။ ရှင်တို့အတန်းထဲကmicကြီးဖွင့်ထားတာမသိဘူးလား။ အဲ့အားပြည့်နေတဲ့Micယူပြီး8တန်းအထပ်ကိုကြွပြီးmicသွားပေးပေးပါအုံး။ 8တန်းCနော်"

ဒီနေ့၃နာရီချိန်ကို၂နာရီခွဲထဲကရောက်နေသည့်ဝတီမောင်ရယ်ပါ အရှက်ကွဲဖို့ကံပါရဲ့။ ပုံမှန်ဆိုလျှင် ၅မိနစ်အမြဲနောက်ကျလို့ အငေါက်ခံရသည်မှာခဏခဏ။M2Mရဲ့ don't say you love me ကိုအားပါပါနှင့်ဆိုနေသည့်ယနေ့မှ CCTVကနေထိုင်ကြည့်နေတီချယ်တိုးမှ အောက်ဆုံးအထပ်ကနေလှမ်းအော်လိုက်သည်။ ထိုအောက်ဆုံးထပ်မှmicသည် အတန်းတိုင်းကြားရသည့်micဖြစ်သည်။ ထိုချိန်မှာဆယ်တန်းတွေမရှိပေမယ့် အငယ်တန်းများ guideချိန်ဖြစ်သည်။ အငယ်တန်းဆိုအလှောင်ခံရတော့မည်ကိုကောင်းကောင်းသိနေသည့် ဝတီမောင်ခေါင်းခဲလို့နေသည်။ ပိုဆိုးသည်မှာ 8တန်းC guideကိုမသိသည်ကြောင့်အရှက်ကွဲတော့မည်။

"ဝင်ခွင့်ပြုပါတီချယ်။ micလာပေးတာပါ" ဆရာမကိုခွင့်တောင်းကာ micပေးဖို့အခန်းထဲဝင်ခွင့်တောင်းလိုက်သည်။

"ဝင်ခဲ့ မောင်"

"အယ် မောင် မောင်တဲ့" ၈တန်းအတန်းများထဲမှ နွဲ့တည့်တည့်ကောင်လေးတစ်ယောက်မှ မောင်ဆိုသည့်နာမည်ကိုအရွန်းဖောက်လိုက်သည်။

"တိတ်စမ်း ကိုယ့်စာကိုယ်တွက်" ၈တန်းကလေးကိုဟန့်လိုက်ပေမယ့် ပြောလိုက်သည့်အသံမှာ ကြည်နူးမှုတွေပါဝင်နေသည့်အသံမှန်း ဝတီမောင်ကောင်းကောင်းသိ၏။ ထိုguideမှာအခြားသူမဟုတ် ဆောင်းနှင်းဦးသာဖြစ်သည်။ ဆောင်းရဲ့မောင်ဆိုသည့် အသုံးနူန်းကြောင့် ခေါင်းအသေစားရ၏။ ဒီနေ့လည်း အဖြူရောင်တီရှပ်လေးကို အောက်မှအစိမ်းရင့်ရောင် ထဘီလေးနှင့်တွဲဝတ်ထားသည်မှာ မပြင်ဆင်ထားလည်းကြည့်လို့လှ၏။ သည်နေ့အတွက် ညနေစာကောင်းကောင်းသင်လို့ရပြီဟု ဝတီတွေးထင်မိသည်။

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now