Ep - 11

773 59 6
                                    

**Unicode**

6:35AM

ဝတီမောင်အခန်းထဲမှာ ပြတင်းပေါက်တံခါးအား ဝတီမေမေဆွဲဖွင့်လိုက်ရာ အခန်းထဲသို့ကျရောက်လာသည့်အလင်းရောင်ကြောင့် ကုတင်ပေါ်မှာကွေးကွေးလေးအိပ်နေသည့်ဝတီ အလင်းဆူးသောကြောင့် တစ်ချက်တွန့်ကာ အိပ်သည့်ပုံစံပြောင်းလဲလို့သွားသည်။

"ဝတီမောင် သမီးလေး"

ဝတီမောင်အဖက်မလုပ် အင်း အဲ ဖြင့်သာ စောင်ခေါင်းထိခြုံ၍ပြန်ကွေးသွားသည်။ မနက်စောစောလက်မပါသင့်ဝတီမေမေကတော့ ဂရုတစိုက်နဲ့နှိုးရှာသည်။

"ထတော့ ထတော့။ ရေမိုးချိုးကျူရှင်သွားရမယ်လေ ထတော့ ဝတီ"

"အင်း ထ ထ ထပြီ ကျူရှင် ဟုတ်တယ် ကျူရှင်သွားရမည်" ဆိုကာ ကုတင်ပေါ်မှကုန်းရုန်းထကာ ရေချိုးခန်းသို့ ဝတီကမန်းကတန်းထပြေးတော့သည်။ အရင်ကရိုက်နှိုးရင်တောင်မထတာကြောင့် ဝတီမေမေမှာ အံဩကာမျက်စိအပြူးသားဖြင့် ကုတင်ဒေါင့်လေးတွင်ကျန်ခဲ့သည်။

"ဟဲ့ ဖြေးဖြေးထပါဝတီမောင်ရယ် ကျူရှင်သွားဖို့လိုပါသေးတယ်ဟဲ့" ဟုဆိုကာ ဝတီထသွားသည့် အိပ်ယာအား သိမ်းဆဲလို့ကျန်ခဲ့သည်။

ဝတီရေချိုးရင်း အတွေးများကာ ဝတီမောင် ချစ်လှစွာသော တီချယ်ဆောင်းဆီသာရောက်လို့နေတော့သည်။ ဒီနေ့ပထမဆုံးအချိန်မှာတီချယ်ဆောင်းအချိန်ဖြစ်သာကြောင့် ဆယ်ရောက်လောက်ကြာပြီ ကျူရှင်မှာပြန်မြင်ရမည့်ဆောင်းကို ဝတီရင်တလှပ်လှပ်ဖြင့် ပြန်တွေ့ချင်လို့နေသည်။ ဝတီအဖြစ်က စားလည်းဒီစိတ်၊သွားလည်းဒီစိတ်၊အိပ်လည်းဒီစိတ် ထပ်ဆိုးနေပြီဖြစ်ပြီး ရေချိုးရင်းပါ တီချယ်ဆောင်းဆီစိတ်ရောက်လို့နေပြီဖြစ်သည်။

"မေမေ မနက်စာဘာလည်း ဖေဖေရော သွားပြီလားအလုပ်"

"ညည်းအဖေကသွားပြီ။ မနက်စာကပဲပြုတ်ထမင်းကြော်နဲ့ ကော်ဖီသောက်မလား အိုဗာတင်းသောက်မလား"

"အိုဗာတင်းပေါ့ ကော်ဖီကရင်တုန်တယ် အခုတောင်ရင်ခုန်နေတာ ကော်ဖီသောက်ရင် ဝတီတော့စာတောင်သင်နိုင်မှာမဟုတ်ဘူး"

"ဘာလို့ရင်ခုန်နေတာလဲ နေမကောင်းဘူးလားဝတီမောင်။ စလာပြီလားကျူရှင်ပျင်းတဲ့ရောဂါ"

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now