Ep - 7

687 65 1
                                    

**Unicode**

"တီချယ်ဆောင်း တီချယ် ချယ်"

"ရှင့် ရှင့် ရှင့် ဝတီပြောလေ"

"ပန်းလေ ပန်းပေးချင်လို့"

"အော်ပိတောက်ပန်းလား။ ပေးကွာ ဒီတိုင်းတော့မရ ဘူး မင်းပန်ပေးမှ ကျွန်မကယူမှာ"

"တကယ်ကြီး"

"အင်း တကယ်ကြီး"

"ပန်ပေးမှာပေါ့ ပန်ပေးချင်နေတာ ဆရာမခေါင်းကိုတပ္ပည့်ကမထိရဘူးဆိုလို့သာ"

"ပန်ကွယ် မင်းမလို့ခေါင်းထိခွင့်ပေးလိုက်မယ် အခြားသူတွေတော့မရဘူး"

"အဲ မဟုတ် မပန်ပေးတော့ဘူး အားနာလို့"

"ဘာဖြစ်ပြန်ပြီတုန်း"

"တီချယ်ဆောင်းရည်းစားတောင်မထိဖူးလောက်ဘူး တီချယ်ဆောင်းပြောပုံအရဆိုရင်"

"ဟော သူကသူဝတီကဝတီလေ အဲ့တာသူ့အကြောင်းလေ သူ့လည်းပေးမထိချင်ပါဘူး ယောင်္ကျားလေးအထိမခံချင်ဘူး ကျွန်မခေါင်းကို"

ရည်းစားရှိသည်ကိုအမှန်တကယ်သိလိုက်ရပြီမို့ ဝတီရင်ထဲအောင့်သက်သက်တော့ရှိလှသည်။ သို့ပေမယ့် သဝန်တိုရမည်တော့မသိခဲ့။

"သူသဝန်တိုနေရင်ဘယ်လိုလုပ်မလည်း"

"သူမှပြန်မသိတာ"

"ဟုတ် ဒါဆို ဝတီပန်ပေးမယ်နော်"

"ဟုတ်ပြီရှင့်"

သည်လို ပိတောက်ပန်းပန်ပေးချိန်မှသေချာသတိထားမိသည်မှာ ဆောင်းဟာဝတီထပ် ခေါင်းတစ်လုံးခန့်ပိုပုနေသည်ကိုပင်။ အသက်ငယ်ပေမယ့် အရပ်ရှည်သည့်ဝတီကြောင့် ခေါင်းငုတ်ပေးစရာတောင်မလိုပဲ လွယ်လင့်တကူခေါင်းမှာပန်ပေးလိုက်နိုင်သည်။ ဆောင်းဟာအရပ်ပုသည့်ထဲမပါ ၅ပေ၄လက်မရှိသည်မို့ မပုပေ။ သို့ပေမယ့် ရှည်နေသည့်ဝတီကိုသာအပြစ်ဆိုရမည့်အလား အသက်နဲ့မလိုက်အောင် အရပ်ဟာ၅ပေ၆ကျော်လို့နေပြီတောင်ဖြစ်သည်။ ဝတီတို့သူငယ်ချင်းအုပ်စုထဲတွင် ယောင်္ကျားလေးနှစ်ယောက်ပြီးလျှင်ဝတီအရပ်အရှည်ဆုံးပါ။

"ဝတီမောင် ရှင်ကျွန်မကျတော့ ခြံထိပ်မှာ ရော့အင့်ဆိုပြီး ပန်းထိုးပေးခဲ့ပြီးတော့ ဆောင်းကျ တဖြီးဖြီးနဲ့ပန်ပေးနေ"

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now