Ep - 12

623 57 4
                                    

**Unicode**

"ကျောင်းအုပ်ဆရာမကြီးခဗျာ့ ကျောင်းအပ်ချင်လို့ပါ"

ဝတီမောင်နှင့်သူ့အဖေ ကျောင်းတက်ရမည့်အချိန်ထပ် နာရီဝက်စောကာကျောင်းသို့ရောက်လာသည်။ အချိန်ကာ နံနက်၇နာရီခွဲမျှသာရှိသေးသည်။ ပထမဆုံးကျောင်းတက်ရက်မလို့ ကျောင်းဝန်းထဲတွင် ကျောင်းသားကျောင်းသူမိဘများနှင့်ကျောင်းသားကျောင်းသူများစည်ကားလျက်ရှိသည်။ အတန်းတံခါးများမှာ စောစောစီးစီးဖွင့်ထားသည့်ပုံပေါ်သည်။ ဆယ်တန်းကိုးတန်းအဆောင်တွင် မတွေ့ရတာ သုံးလကြာပြီးဖြစ်သည့် သူငယ်ချင်းများ ပြုံးလို့ပျော်လို့ ပြေးလွှာနေကျသည်။ ဆယ်တန်းကိုးတန်းဆောင်မှာ ၄လွှာရှိပြီး ဆယ်တန်းအထပ်ဟာအပေါ်ဆုံး၂ထပ်ဖြစ်သည်။ ထိုအလွှာလေးလွှာတွင် တစ်လွှာတွင်သုံးခန်းရှိသည်။ ကိုးတန်းဆိုEcoခန်းသုံးခန်း Bioခန်းသုံးခန်း ဆယ်တန်းတွင်လည်းEcoခန်းသုံးခန်း Bioခန်းသုံးခန်း ဝတီတို့Ecoခန်းကာ ကိုးတန်းဆယ်တန်းဆောင်၏ တတိယထပ်တွင်ရှိသည်။

"အော် ဟုတ်ကဲ့ဝင်ခဲ့ပါရှေ့နေကြီး" ကျောင်းအုပ်ဆရာမကြီး၏ ဝင်ခွင့်ပြုသည့်အသံကြောင့် ဝတီတို့သားဖအတန်းထဲသို့ဝင်သွားသည်။

"ဟုတ်ကဲ့"

"ရှေ့နေကြီးလာတာနဲ့အတော်ပဲ ကျောင်းအမှုလေးလည်းအပ်ချင်နေတာ ကျောင်းအပ်လက်ခံတဲ့နေ့တွေတုန်းကမျှော်နေတာ လာအပ်မယ့်အချိန်ကို လာမအပ်သေးလို့ သမီးအတန်းပိုင်ကတောင်မေးနေတာရှင်"

"ဟုတ်တယ်ဆရာမကြီး ကျွန်တော်တို့ မန္တလေးရောက်နေတာ နာရေးကိစ္စနဲ့ အဲ့တာနဲ့ကျောင်းမအပ်ဖြစ်ပဲဖြစ်သွားတာ အခုမှ တစ်ခါထဲအပ်ပြီး တက်ခိုင်းရတာ"

"အော် ဘယ်သူဆုံးလို့လဲ"

"အမျိုးသမီးရဲ့မိဘပါ"

"အော် ဝမ်းနည်းစရာရှင်။ ကျောင်းအပ်ဖို့က လိုအပ်တာလေးတွေ အပြင်မှာထိုင်နေတဲ့စာရေးမနဲ့လုပ်သွားရင်ရပြီရှင့်"

"ဟုတ်ကဲ့ဆရာမကြီး အမှုကိစ္စလိုရင်ဆက်သွယ်ပါနော် ကျွန်တော်ကူညီပါ့မယ်"

"ဟုတ်ကဲ့ပါရှင်။ ဝတီစာကြိုးစားမယ်နော်သမီး"

"ဟုတ်ကဲ့ဆရာမကြီး"

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now