Ep - 10

1K 75 6
                                    

**Unicode**

"ဆောင်းရေ အတန်းစလို့ရပြီသူတို့ကို Chemistry definitionတွေကျက်ဖို့ မနေ့ကပြောပြီးထား ပြီးတော့ chemistryပြီးတဲ့သူက မြန်မာစာ ရေသည်ခက်ဆစ်တွေဆက်ကျက်လိမ့်မယ်။ chemistry definitionကအကုန်ရနေရမယ်နော် ပြန်လို့မပြီးတဲ့သူက ပြန်မလွှတ်ဘူး"

"အစ်မ ဝတီမောင် မရောက်သေးဘူး"

"ဒီနေ့လည်းမလာဘူးဆောင်းရေ နေကောင်းသွားပေမယ့် သူ့အဖွားဆုံးလို့ မန္တလေးကို ညတွင်းချင်းသွားရတာ တော်ပါသေးတယ် ညက သူ့အဖေလဲ အိမ်မှာရှိနေလို့တော်ပါသေးတယ် မဟုတ်ရင်မချူးမေ့လဲလို့ ဝတီ ဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာမဟုတ်ဘူး"

"ဝတီမေမေအဆင်ပြေရဲ့လားအစ်မ။ ဝတီမောင်ရော အဆင်ပြေရဲ့လား"

"ပြေတာကပြေပါတယ်။ ဝတီကတော့ ဒေါင်ဒေါင်မြည်ပေါ့။ မချူးကတော့ သူ့အမေစိတ်နဲ့ဆေးရုံမပို့လိုက်ရတာတောင်ကံကောင်း လမ်းမှာတင်ပြန်သတိရလာလို့ မန္တလေးညတွင်းချင်းသွားရတာ"

"တော်ပါသေးတယ်မဟုတ်ရင် ပိုအလုပ်များနေရမှာ"

"ဟုတ်ပါ့ ဟုတ်ပါ့"

ဝတီမောင်အဖွားဆိုသူမှာ ဝတီမေမေ ဒေါ်ချူးချူးနွယ်ရဲ့မိခင်ဖြစ်သည်။ ဝတီမေမေမှာပညာဆုံးခန်းတိုင်အောင်မသင်ခဲ့လို့ ဝတီဖေဖေနှင့်ဝတီမေမေ လက်ထပ်ပြီးကတည်းက ထိုအဖွားဖြစ်သူ၏ အမွေဖြတ်စွန့်လွှတ်ချင်းခံလိုက်ရသည်။ ထိုကြောင့် ဝတီထိုအသက်အရွယ်အထိ အဖွားဆိုသူနှင့်၃ခါမျှပင်တွေ့ဖူးသည်။ ဝတီမောင်ဟာ ဝတီမေမေ၏ဆွေမျိုးများနှင့်မရင်းနှီးပါ။ မျက်မှန်းတန်းမိရုံမျှသာ သိ၏။ ဆွေမျိုးများအကြောင်းကို ဝတီမေမေခဏခဏပြောပြသည်ကြောင့်သာ ထိုဆွေမျိုးများအကြောင်းကိုနားရည်ဝလို့နေသည်။ ဝတီမေမေမှာ အကိုတစ်ယောက်၊အစ်မတစ်ယောက်၊မောင်တစ်ယောက်ရှိသည်။ မောင်နှမလေးယောက်ရှိသော်လည်း ဝတီမေမေကို သိပ်ခေါ်ပြောသည်မရှိ။ ရန်ကုန်လာကျလျှင်ပင် ဝတီမေမေဆီလာမလည်ကျပါ။ ထိုမန္တလေးနေအိမ်သို့ရောက်သော်လည်း ဝတီတို့မိသားစုကို အကုန်လှိုက်လှိုက်လဲလဲကြိုဆိုကြသော်လည်း ဝတီမေမေ၏အစ်မဖြစ်သူ ဒေါ်သီရီနွယ်မှာ မျက်ကွယ်ပြုလို့နေသည်။ ဝတီရဲ့ ဦးငယ်လေးပြောဖူးသည့်စကားကိုပြန်တွေးမိလို့ ဝတီပြုံးမိသည်။ ဦးငယ်ပြောပြသည်ကာ ဝတီမေမေနှင့်ဖေဖေကို ရန်ကုန်ထိလိုက်ခွဲသည့် ဒေါ်သီရီနွယ်မှာ သူယောကျ်ားလို ဆရာဝန်မျိုးရှာပေးမည် သည်လို ဘာဘွဲ့မှမရသေးသည့်ဝတီဖေဖေကိုထားခဲ့ပြီး သူနှင့်ပြန်လိုက်ခဲ့ရန်ပြောပြီး ငြင်းသည်မလို့ ဝတီမေမေကိုပါးရိုက်ဆုံးမခဲ့ဖူးသည်။ ဝတီမေမေကိုချော့တစ်လှည့် ခြောက်တစ်လှည့်ပြန်ခေါ်သော်လည်းမရခဲ့သည်မလို့ သေခန်းပြတ် ညီမအဖြစ်ကစွန့်လွှတ်ထားသည်လို့လဲသိရသည်။

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now