Ep - 13

616 71 4
                                    

**Unicode**

တီချယ်ဆောင်းခွင့်ယူထားသည့်တစ်ပတ်မှာ ဝတီအတွက် တစ်သက်လောက်ကြာသည်။ တစ်ပတ်လုံးပြုစားခံထားရသလိုလို လင်ပူပဲမိနေသလိုလို တငူငူတငိုင်ငိုင်နဲ့မလို့ တစ်တန်းလုံးနေကောင်းလားလို့မေးရလောက်သည့်ထိ ငြိမ်ချက်သားကောင်းလွန်းနေသည်။ ဝတီမောင်ဟာ Englishချိန်တိုင်း ရွစိထိုးနေသည့်ဝတီမောင်မဟုတ်တော့သလို ငြိမ်ကျနေသည်ကြောင့် အကုန်လုံးအံဩမဆုံးနိုင်ဖြစ်လို့နေသည်။ မုန့်စားချိန်မှသာအော်ကြီးဟစ်ကျယ်ဖြစ်ပြီး ကျန်တဲ့အချိန်ငြိမ်ကျနေသည်မှာ လန့်စရာကောင်းလို့ စာသင်သည့်ဆရာမတိုင်းက နေကောင်းလား ငိုက်နေတာလား စသဖြင့် တစ်ယောက်တစ်လှည့်မေးယူနေရတော့သည်။

"ကဲကလေးတွေ physics definitionတွေကျက် ရမှတွက်စာတွေတွက်တော့။ ဝတီမောင် ဘာလုပ်မှာလဲကျက်မှာလား တွက်မှာလား။ ဆရာမကလူအများကြီးနဲ့မကျက်တက်လို့ ကျွန်မကမေးရတာလိုက်ကျက်မှာလား သူတို့ကျက်လို့ပြီးမှကျက်မှာလား ဘယ်လိုလုပ်ချင်လဲ"

"လိုက်ကျက်လိုက်မယ်တီချယ်"

"ဟုတ်ပြီ။ ကလေးတွေ ကျောင်းကnoteနဲ့ကျူရှင်noteကိုအရင်တိုက်စစ်ကြည့် ဘယ်ဟာကလွယ်လဲဆိုတာ လွယ်မယ့်noteကိုကျက်။ ဆိုဖို့ဟိုတစ်ပုဒ်ဒီတစ်ပုဒ်ဖြစ်နေလဲရတယ်။ အဓိကက မှတ်နိုင်ဖို့ပဲ။ မှတ်နိုင်မယ်ထင်တဲ့noteနဲ့ကျက်။ ထ၂ နဲ့ ထ၃က noteကတော့ခက်မှာသေချာတယ်။ ဖိုက်တင်းကလေးတွေ"

အတန်းထဲမှာ ထ၁၊ထ၂၊ထ၃၊ထ၄၊ထ၅ ဆိုပြီး ၅ကျောင်းလုံးက ကလေးတွေရှိသည်။ နှစ်ကျငါးယောက်လဲရှိသည်။ ထ၁နဲ့ ထ၃က ကလေးများသည်။ ထ၃က ဝတီတို့အုပ်စုကဒုတိယအများဆုံးဖြစ်သည်။ ပထမအများဆုံးမှာ ထ၁အုပ်စုဖြစ်သည်။ ထိုထ၁အုပ်စုမှာ မိန်းကလေးတစ်ယောက်မှမပါယောင်္ကျားလေးတွေသာဖြစ်သည်။ ယောင်္ကျားလေး ၁၂ယောက်ဟာ ထ၁ကဖြစ်သည်။

"ဟယ် ညီမလေးဆောင်း"

ဆောင်းဆိုသည့်အသံကြားသည်နှင့်တစ်ပြိုင်နက် ဝတီရင်ထဲအထိပ်တလန့်ရှိလှသည်။ လွမ်းနေတာကြာပြီမလို့ ချက်ချင်းဆိုသလိုနှလုံးသားကလည်းရင်ခုန်လာတော့သည်။ တကယ်အတန်းရှေ့ရောက်လာသည်ဟုတ်လားမဟုတ်လားကို ဝတီယုံတစ်ဝက်မယုံတစ်ဝက်ဖြင့် ခေါင်းအားအသာမော့ကြည့်လိုက်ရာ ဝတီလွမ်းနေရသည့်မျှော်နေရသည့် ဆောင်းနှင်းဦးအစစ်အမှန်ပင်။ သည်လိုမမျှော်လင့်ထားသည့်ရက်မှာပြန်တွေ့ရသည်မလို့ ဝတီအပျော်လုံးစို့ပြီး ရယ်ရင်းထိုင်နေတာ ဖြီးဖြီးကြီး သွားများပင်အအေးပက်တော့မည်။ မတွေ့ရတာကြာပြီဖြစ်သော်လည်း ဝတီမျက်လုံးထဲဆောင်းပုံရိပ်များကိုအလွတ်ရနေပြီဖြစ်တာကြောင့် အနည်းငယ်ပိန်ပြီးမျက်တွင်းကျကာ မျက်နာလေးချောင်နေသည်ကိုတန်းရိပ်မိတော့သည်။ သည်နေ့လည်းအဖြူရောင်မြန်မာအင်္ကျီရင်ဖုံးလေးနှင့် အောက်ကချည်ထဘီအဝါလေးကိုတွဲဖက်ဝတ်ဆင်ထားကာဆံပင်စည်းပြီး ကလစ်အဝါလေးဖြင့်ညှပ်ထားသည်ကြောင့်ယဉ်ယဉ်လေးဖြင့် တမူထူးပြီး ငေးကြည့်နေရလောက်အောင်ပင်လှလွန်းသည်။

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now