Ep - 14

623 64 12
                                    

**Unicode**

"ကဲ စာအုပ်တွေသိမ်းမယ်ကလေးတွေ မြန်မာစာ စာမေးပွဲဖြေမယ်" ဟုအောက်ဆုံးထပ်မှ micဖြင့်တီချယ်တိုးမှ ပြောလိုက်ရာ စာမေးပွဲခန်းစောင့်မည့်guideဆရာမများက စာအုပ်များသိမ်းခိုင်းကာ လွယ်အိတ်များကို အခန်းရှေ့တွေလာထားစေသည်။

မဖြေခင်ရှေ့တစ်ရက်ထဲက ခုံနံပါတ်ခွဲပေးထားသည်မလို့ ကိုယ်ထိုင်ရမည့်အတန်း ကိုယ်ထိုင်ရမည့်ခုံတွင်အသီးသီးဝင်ထိုင်ကြပြီးနောက် မေးခွန်းနှင့်အဖြေလွှာစာရွက်များ ဝေပေးသဖြင့်စဖြေရသည်။ စာဖြေချိန်မှာ နောက်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲကြီးလို ၃နာရီဖြစ်သည်။ မေးခွန်းပုံစံမှာလည်း စာမေးပွဲကြီးပုံစံအတိုင်းထုတ်ထားသည်မလို့ အားလုံးအားတက်သရောဖြေရသည်။ မဖြေလို့လည်းမရ guideဆရာမအပြင် အောက်ဆုံးထပ်မှ cctvဖြင့် စောင့်ကြည့်နေသော တီချယ်တိုးရှိသည်။ ခိုးချတာမိလျှင် မိဘခေါ်ပြီးကျူရှင်ချက်ချင်းထုတ်မည်ဟုလည်း ပြောထားပြီးဖြစ်သည်။

မေးခွန်းရပြီးတော့ ဝတီပြူးပြဲကြည့်သည် ထင်သည့်အတိုင်း စာစီစာကုံးမှာ သူကြည့်လာတာတစ်ခုမှမပါ။ ဝတီမောင်ဟာ စာစီစာကုံးရေးရာတွင်ညံ့လွန်းသည်။ ဖျစ်ညှစ်ပြီးရေးလည်း ၂မျက်နာတောင်မထွက်နိုင်။ လက်ရေးလှပြီး ကျန်တာရသည်မလို့ မြန်မာစာတော့၆၀ကျော်နိုင်ပြီမလို့ ဝတီစိတ်အေးအေးထားပြီးဖြေရသည်။

ဝတီတို့အတန်းကိုအခန်းစောင့်သည့်ဆရာမမှာ Aခန်းguideအစ်မကြီးမလို့ ဝတီမပျော် တီချယ်ဆောင်းစောင့်မည်အထင်နှင့် မျက်နာလေးကြည့်လိုက်စာမေးပွဲလေးဖြေလိုက်လုပ်မည်ဟုတွေးထားသည်မှာအတွေးနဲ့သာဖြေသိမ့်လိုက်ရတော့သည်။ ဆောင်းမှာ မည်သည့်ခန်းကိုအခန်းစောင့်ပေးရသည်ကိုဝတီမသိ။  သို့ပေမယ့် စာမေးပွဲမဖြေခင်က ဝတီဖြေရမည့်အခန်းကိုလာကာ စိတ်အေးအေးထားပြီးဖြေဖို့လာပြောသွားသည်မလို့ ဝတီနည်းနည်းနှစ်သိမ့်ရာရသည်။

"စာဖြေလွှာတွေသိမ်းလို့ရပြီ။ အားလုံးstop ၅နာရီထိုးပြီ" စာဖြေချိန်၃နာရီပြည့်သွားသည်မလို့ တီချယ်တိုးမှလှမ်းပြောလိုက်ရာ guideဆရာမတွေက အဖြေလွှာလိုက်ကောက်သည်။

တစ်ချိန်ကမှတ်ဉာဏ်သို့ တမ်းခြင်းWhere stories live. Discover now