Baby Cuttie (Final)

1.5K 100 8
                                    

📌Unicode

"ဘေဘီ"

ဂျောင်ကု ထယ်ယောင်းရဲ့ မျက်နှာလေးကို မြတ်မြတ်နိုးနိုး ကြည့်ရင်းနဲ့ပဲ ထယ်ယောင်း အထင်လွဲခဲ့ရတဲ့ ကိစ္စ အစအဆုံးအား သူ့ဘက်ကနေ အမှန်အတိုင်း ဖွင့်ဟပြောပြဖို့ ဟန်ပြင်လိုက်သည်။

သူ့အား ကြည့်နေတဲ့ ထယ်ယောင်းရဲ့ မျက်ဝန်းလေးတွေထဲမှာလဲ သူပြောသမျှအပေါ် ယုံကြည်နားလည်ပေးမဲ့ သဏ္ဍာန်ရှိတာမို့ ဂျောင်ကု ကျေနပ်စွာ ပြုံးလိုက်မိသည်။

"ဒီလို ဘေဘီလေးရဲ့" ဟု အစချီရင်းဖြင့် ..... ။

••••••••••

နာမည်ကြီး ထိပ်တန်းမင်းသမီး ဂိုယောင်အင်း နှင့် တခါလောက် သရုပ်ဆောင်ကြည့်ချင်သည်ဟု ထယ်ယောင်း ပြောလာခဲ့တဲ့အခါမှာ ထိုဆန္ဒကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ဖို့ရာက ထယ်ယောင်းရဲ့ မန်နေဂျာ ဖြစ်တဲ့ ဂျောင်ကုအပေါ်မှာ မူတည်နေခဲ့သည်။

ထယ်ယောင်းရဲ့ အလိုဆန္ဒကို သူ ဘယ်တော့မှ မငြင်း ။ မဖြစ် ဖြစ်အောင် လုပ်ဆောင်ပေးမည်သာ ။

သို့သော် ဂိုယောင်အင်းက ကမ်းလှမ်းဖို့ ခက်ခဲသည့် မင်းသမီးတစ်လက် ။ သူမက မင်းသားရွေးရတာတမျိုး ၊ Company ကို မကြိုက်ရတာ တဖုံ ၊ စသည့်ဖြင့် သူမကို ကမ်းလှမ်းသမျှ Entertainment တိုင်းကို လက်ခံခြင်း မရှိ။ သူမ စိတ်ကြိုက်ဖြစ်သည့် Entertainment လောက်ကိုသာ ရွေးချယ်လက်ခံလေ့ရှိသည်။

အခုလဲ မင်းသား ကင်မ်ထယ်ယောင်းရဲ့ မန်နေဂျာ တဖြစ်လဲ "Angel Baby" Entertainment ရဲ့ Owner CEO အနေနဲ့ ဂျောင်ကု ကိုယ်တိုင် ဂိုယောင်အင်းကို သွားတွေ့ပြီး Drama Series တွဲရိုက်ရန် ကမ်းလှမ်းခဲ့သည်။

တခြားကမ်းလှမ်းသမျှကို အထပ်ထပ်စိစစ်ကာ ရွေးချယ်လွန်းတဲ့ ထိုမင်းသမီးက ဂျောင်ကု ရဲ့ ကမ်းလှမ်းချက်ကိုတော့ လိုလိုလားလားနဲ့ပင် လက်ခံခဲ့လေတယ် ။

ဒါပေမဲ့ ဇာတ်လမ်းရိုက်ကူးနေစဉ်အတွင်း သူမ ကို အစစ အဆင်ပြေစေဖို့ရာကတော့ တခြားသူတွေနဲ့ မလွှဲဘဲ ဂျောင်ကု ကိုယ်တိုင် ကူညီဆောင်ရွက်ပေးရမယ်နော် ဟုတော့ စကားပလ္လင်ခံခဲ့လေတယ် ။

ဒီအတွက်လဲ ဂျောင်ကု က သူမရဲ့ မန်နေဂျာ သဘောမျိုးနဲ့ပါ တွဲဖက် လုပ်ဆောင်ပေးခဲ့သည်။ သူမ အဆင်ပြေဖို့က အဓိကပင်။ ဒါမှသာ ဂျောင်ကုရဲ့ ဘေဘီလေးဖြစ်တဲ့ ထယ်ယောင်း သူ့ဆန္ဒတွေ ပြည့်ဝကာ သူမနှင့် ရိုက်ကူးရေး ဖြစ်မြောက်အောင်မြင်မည် မဟုတ်လားလေ ။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now