Baby Cuttie (7)

1.8K 208 176
                                    

Unicode 💜

ရင်ခုန်ခြင်း သံစဉ်တွေဟာ
မင်းရဲ့နှုတ်ခမ်းပါးလေးက တချက်ပြုံးရယ်လိုက်တိုင်း ပိုမြန်ဆန်တယ်။

စွဲလမ်းခြင်း ကာရံတွေဟာ
မင်းရဲ့ငွေစင်ကြယ်မျက်ဝန်းလေးက မျက်တောင်တချက်ခတ်လိုက်တိုင်း ဒူးထောက်တယ်။

မြတ်နိုးခြင်းအတိဟာ
ကင်မ်ထယ်ယောင်း ဆိုတဲ့ ကောင်လေးအကြောင်းတွေးမိယုံနဲ့ ကိုယ့်နာမ်၊ခန္ဓာဝယ် ဖြစ်ထွန်းတယ်။

အဲ့သလောက်တောင်
ကိုယ် မင်း ကို ချစ် ပါ တယ် ။

J.J.K

________♡♥♡♥♡♥♡♥♡_____

အိမ်ရှင်နှစ်ယောက်ကို တွန်းကာတိုက်ပြီး ကော့ကော့ ကော့ကော့နဲ့ အိမ်အတွင်း ဝင်ချသွားတဲ့ Eat Jin Program ရဲ့ Presenter ကြီး ကင်ဆော့ဂျင် ကတော့ ဧည့်ခန်းအတွင်း ဆိုဖာပေါ်ဝယ် ကျကျနန ထိုင်လျက်ရှိလေသည် ။ မျက်လုံးကတော့ ဧည့်ခန်းအပြင်အဆင် ၊ အိမ်ရဲ့ပုံပန်းသဏ္ဍာန်အား လေ့လာနေသည့်နှယ် ဟိုကြည့်ဒီကြည့် ။

အနောက်မှ လိုက်ဝင်လာကြတဲ့ ထယ်ယောင်းနဲ့ ဂျောင်ကု စုံတွဲကတော့ စိတ်လက်မအီမသာ ။

မကြာခင်ကမှ ဂျောင်ဟိုဆော့ ဆိုတဲ့ ဧည့်သည်တော် တစ်ယောက် ပြန်သွားလို့ သာယာမယ်ကြံသေး ၊ အခုနောက်ထပ်ဇယားတစ်ခုက အိမ်အတွင်း လှိမ့်ဝင်လာလိုက်တာများ တားချိန်တောင်မရ ဟုတွေးရင်း ဂျောင်ကု တယောက် စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းသာ အသေဖိကုပ်နေမိတော့သည်။

"ကြည့်စမ်း ၊ မတွေ့တာကြာလို့ ထင်ပါ့ ၊ ငါ့ချစ်သယ်ရင်းစုံတွဲက ပိုလှပိုဝ လာလိုက်ကြတာများ၊ ဟန်းနီးမွန်းပြီးကထဲက အိမ်တွင်းက အိမ်ပြင်မထွက်ဘဲ တော်တော် သာယာနေတယ် ထင်တယ် ဟဲဟဲ"

ဆော့ဂျင် ရဲ့ ရယ်လျက်အနေအထားနဲ့ လောကွတ်ပြုကာ နှုတ်ဆက်လာတဲ့စကားက အနှောင့်အသွားသိပ်မလွတ်တာမို့ ထယ်ယောင်း နဲ့ ဂျောင်ကု ဘာပြန်ပြောရမှန်းမသိဘဲ တိတ်ဆိတ်သွားတယ်။ ဟုတ်ပါတယ်လို့ပဲ ပြောရမလိုလို မဟုတ်ပါဘူးလို့ပဲ ဆိုရကောင်းနိုးနိုး ။

ဒါပေမဲ့ ထယ်ယောင်း လဲ စကားတခွန်းမှ မဟဘဲငြိမ်နေလို့အဆင်မပြေတာမို့

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now