Baby Cuttie (9)

2K 209 270
                                    

📌Unicode

ကောင်းကင်ကြီးက ပြာတယ်
လမင်းကြီးက သာတယ်တဲ့
ဒါပေမဲ့ ကိုယ်ကတော့ မညာပါဘူး အသဲရယ်
"ကိုကို့ရဲ့ Baby Cuttie လေးကို သိပ်ချစ်ပါတယ်"

J.J.K

________♡♥♡♥♡♥♡♥♡_____

နှာခေါင်းဝဆီသို့ ဝေ့သီလာတဲ့ ဟင်းရနံ့က မွှေးထုံကြိုင်လွန်းလှသည်။ လေထုအတွင်း ထိုအနံ့လေးကို အရသာခံကာဖြင့် နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်းနဲ့ သွားရည်ယိုလာသယောင် ခံစားမိပြီး ဝမ်းဗိုက်အတွင်းမှပဲ တဂျုတ်ဂျုတ်မြည်သံကို ကြားယောင်လာမိသည်။

နောက်ဆုံးဘယ်လိုမှ ဆက်လက်အိပ်မောကျဖို့ရာ မတတ်နိုင်တော့သည့်အခါမှာတော့ မျက်လုံးတွေက ဖြေးညင်းစွာ ပွင့်ဟလာလေတော့သည်။

ဦးဆုံး မျက်လုံးတည့်တည့်စူးနေသည့် နေရောင်ကြောင့် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ မျက်မှောင်ကြုံ့ကာဖြင့် နေရောင်အားရှောင်ရင်း ဘေးသို့ လှည့်လိုက်သည်။

ထိုအခါဝယ် မြင်လိုက်ရသည့် အရာလေးကြောင့် ညတုန်းက အကြောင်းတွေဟာ အတွေးထဲပြန်လည်ဝင်ရောက်လာရင်း မိမိနှုတ်ခမ်းတွေဟာ အပြုံးလေးတပွင့်အနေဖြင့် မိုးစက်ထိမှန်တဲ့ပန်းလေးလို အလိုလို ပွင့်လန်းလာမိသည်။

ထိုသို့ အပြုံးတွေအား ဖန်တီးပေးသောအရာလေးကတော့ ဂျောင်ကုရဲ့ နှလုံးသည်းပွတ် Baby Cuttie လေး ... ကင်ထယ်ယောင်း ။

မိမိဘက်သို့ လှည့်ကာ အိပ်မောကျနေသည့် မျက်နှာလေး ။ ရှူးရှူးရှဲရှဲ နဲ့ အိပ်မောကျနေသည့် အသံလေးကပါ ထွက်နေလေရာ အသည်းယားဖွယ်အတိ။ စောင်ကိုလဲ ဖရိုဖရဲနဲ့ ခြုံထားလေရာ အပေါ်ပိုင်းက လွတ်နေသည်မို့ ဗလာကျင်းနေသည့် ရင်ဘတ် ၊ ပုခုံးသားတို့နှင့် လည်တိုင်ကျော့ကျော့တို့မှာ အနီကွက် အညိုကွက်တွေက ဟိုတကွက် ဒီတကွက်ဖြင့် ဆေးခြယ်ထားသည့်နှယ်။ ညတုန်းက မိမိခြယ်သပေးထားသည့် ဖန်တီးမှု လက်ရာများဖြစ်လေရာ ထိုအချိန်ကာလကို ပြန်အတွေးရောက်မိတော့ ရင်ထဲမှာ ကြည်နူးခြင်းအက္ခရာက တသိမ့်သိမ့်။

ဘယ်တော့မဆို မိမိအား ကျေနပ်အားရမှု အမြဲပေးသည့် ထိုလင်တော်မောင်လေးအား အချစ်ပိုရစမြဲ။
ချစ်မ၀သည့် ရင်တွင်းခံစားချက်များဖြင့် နှဖူးထက်နှင့် ပါးမို့မို့လေးထက်သို့ Morning Kiss အဖြစ် အနမ်းမိုး ရွာသွန်းလိုက်တော့ "အီ....အဲ" နဲ့ ခွေးပေါက်လေးလို အသဲယားစဖွယ် အသံလေးတွေထွက်ရင်း မိမိရင်ခွင်အတွင်း တိုးဝှေ့ဝင်ရောက်ကာ ဖက်တွယ်လာ၏။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Tempat cerita menjadi hidup. Temukan sekarang