Baby Cuttie (3)

4.8K 475 178
                                    

📌Unicode

အချစ်ဆိုတာ လုပ်ယူလို့မရဘူး
နှလုံးသားရဲ့ အလိုဆန္ဒနဲ့ ထပ်တူကျမှ
သန့်စင်မြင့်မြတ်တဲ့ အချစ်တစ်ခုပေါက်ဖွားလာတာ။

ဒီလိုမျိုး မောင့် ရဲ့ အနှိုင်းမဲ့တဲ့ အချစ်တွေက
ကိုကို တစ်ယောက်ထဲ အတွက်ဆိုတာကိုတော့ အကြွင်းမဲ့ ယုံနော် ဂျောင်ကု ။

K.T.H


__________♡♥♡♥♡♥♡♥♡___________

//တင်းတောင် ... တင်းတောင်//

ဘဲလ်သံကတော့ အဆက်မပြတ်ကြားစဲ ။

"ဘယ်သူလဲကွာ တော်တော်အလိုက်ကမ်းဆိုးမသိတဲ့ ဧည့်သည်ပဲ" ဟု ကြိမ်းဝါးရင်း

ဧည့်ခန်းထဲရှိ Monitor ရှေ့အရောက် Monitor ထဲတွင်ပေါ်နေတဲ့ ဘဲလ်တီးသူ ကိုလဲ မြင်ရော နှစ်ယောက်စလုံးနှုတ်မှ အံ့သြစွာဖြင့် ပြိုင်တူ ထွက်သွားမိတဲ့ နာမည်က

"ဂျောင်ဟိုဆော့............"

**********

"ဟိုဆော့ မင်းက ဒီအချိန်ကြီး
တယောက်ထဲ ဘယ်လိုလုပ်ပြီး?"

မေးနေတဲ့ စကားကို အဖက်မလုပ်ပဲ တဟီးဟီး ရယ်ပြပြီး ကော့ကော့ ကော့ကော့နဲ့ အိမ်ထဲဝင်ချသွားတာ သူက အိမ်ရှင်လား ကိုယ်က ဧည့်သည်များဖြစ်သွားသလားတောင် မသဲကွဲ ။

ဧည့်ခန်းထဲက ဆက်တီခုံမှာ ကျကျနနထိုင်ပြီး အနားက စာအုပ်တစ်အုပ်ကောက်ယူပြီး
တဖျတ်ဖျတ်နဲ့ ယပ်ခပ်နေတော့တာ။

အနှီသူက အဲယားကွန်းခန်းထဲ ရောက်နေမှန်းတောင် မသိတော့အောင် အပူလုံးတွေ ဘယ်လောက်တောင်များ ထကြွနေသလဲမသိ ။

ဘာပြောရမှန်းမသိဘဲ သူလုပ်သမျှကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေမိရာကနေ ထယ်ယောင်းငယ်က သူ့ရှေ့က ခုံမှာဝင်ထိုင်လိုက်တော့ ကျွန်တော်လဲ ထယ်ဘေးကို အလိုက်သတိပဲ ဝင်ထိုင်လိုက်တယ် ။

"ဟိုဆော့ ဘာဖြစ်လာတယ် ပြောဦးကွာ လူကို စိတ်ပူအောင် "

ထယ် က သူ့သူငယ်ချင်းမို့ စိုးရိမ်စိတ်လေးနဲ့ မေးလိုက်တော့

အမယ် ကိုယ်တော်ချောလေးက

"Wait" ဆိုပြီး လက်ကလေး တကာကာနဲ့ ။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Dove le storie prendono vita. Scoprilo ora