Baby Cuttie (2)

8.3K 604 274
                                    


📌Unicode

ဟော ဟို ကောင်းကင်ကြီးကို မော့ကြည့်လိုက် ငွေရောင်ကြယ်ပွင့်လေး မှိတ်တုတ်မှိတ်တုတ် လက်နေတာကို မြင်ရဲ့လား သိပ်လှတယ်နော်

ဒါပေမဲ့ ကျွန်တော့် Baby Cuttie လေး
ကင်မ်ထယ်ယောင်း ရဲ့ မျက်ဝန်းတွေလောက်
မလင်းလက် မတောက်ပဘူးဆိုတာကိုတော့ အကြွင်းမဲ့ယုံ ။

J.J.K

♡♥♡♥♡♥♡♥♡

ကော့ညွှတ်နေတဲ့ မျက်တောင်စိပ်စိပ်လေးတွေ ဝန်းရံပြီး မှေးမှိတ်ထားတဲ့ မျက်လွှာလေး ၊ ဖြောင့်စင်းနေတဲ့ နှာတံလေးနဲ့ ထိပ်မှာမှ မှည့်နက်သေးသေးလေး၊ ဆေးမကူဘဲ သဘာဝအလျောက် နီထွေးနေတဲ့ နှုတ်ခမ်းရဲရဲလေး ။

ကြွေရုပ်လေးရာ မင်းလေးက အိပ်နေတာတောင်မှ ဘာ့ကြောင့် ဒီလောက် ညို့အားပြင်းနေရတာလဲကွာ။

ခပ်တိုးတိုးလေး ရေရွတ်ရင်း ကျွန်တော်ရှေ့က အလှပဆုံးသော ပန်းချီကားလေးဖြစ်သည့် မင်းသားငယ်လေးကိုသာ ဆက်ကာကြည့်ရှုနေမိသည်။ အိပ်နေတဲ့ ကပိုကရိုပုံစံလေးကကို ချစ်စိတ်တွေ တဖွားဖွားပေါက်လာအောင် ဖမ်းစားထားတာ သူလေးက ။ မနက်တိုင်း ပြည့်စုံတဲ့ နိုးထမှုဆိုတာ အခုလို ကြွေရုပ်လေး အနားမှာ ရှိနေတာကြောင့် ။

"ကိုကို ရယ် မျက်လုံးတွေလဲ ကျွတ်ထွက်ကုန်ပါဦးမယ် Baby ကို အဲ့လောက်တောင် မမှိတ်မသုန်ငေးနေတော့"

ဟောဗျာ မျက်လုံးက လုံးဝ မပွင့်သေးဘဲ နှုတ်ကသာ ပွစိပွစိလုပ်ပြီး ပြောလာတာ ဒီလူကို သူခိုးလူမိဖြစ်အောင် ။ နိုးနေရက်နဲ့ အိပ်ချင်ယောင်ဆောင်ပြီး ရင်ခွင်ထဲမှာ မှိန်းနေတတ်တာလဲ အနှီကောင်လေးရဲ့ အကျင့် ။ လက်ထပ်ပြီး မင်္ဂလာသက်တမ်းတောင် ၃ လ ပြည့်ကာနီးတော့မယ် ဒင်းလေးက အရင်နိုးတယ်ဆိုတာ တခါမှမရှိ ။ လူဆိုးလေး ။

အူတွေယားလာလို့ အဲ့စူထော်ထော် နှုတ်ခမ်းလေးကို ဖိကပ်ပြီး နမ်းပစ်လိုက်တယ် ပြွတ်ကနဲ ။

အယ် စူပုတ်ပုတ်လုပ်ပြီး တွန်းထုတ်မယ်မှတ်နေတာ အခုတော့ သူလေးကကို ကြည်ကြည်ဖြူဖြူနဲ့ စိတ်လိုလက်ရ ပြန်နမ်းနေတယ် ။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now