Baby Cuttie (6)

3K 340 113
                                    

📌Unicode

တကယ်ဆိုရင် အချစ်ဆိုတာ ချစ်နေဖို့ပဲ လိုတာပါ
ကိုကို ကတော့ မထိရက်မကိုင်ရက် ပိုးမွေးသလိုမွေးထားတဲ့ ကိုကို့ရဲ့ မင်းသားငယ်လေးကို ချစ်လွန်းလို့ ရင်ဘက်ထဲက နှလုံးခုန်သံ အကြိမ်အရေအတွက်နဲ့ ထပ်တူ "ထယ့်ကို ချစ်တယ်...ထယ့်ကိုချစ်တယ်" ဆိုတဲ့စကားကို လိုက်ကာရေရွတ်နေမိတာ ကြာလာတော့ ချစ်ရသူလေး ရွှေနားတော်ငြီးသွားမှာတောင် စိုးရွံမိသား။

J.J.K

________♡♥♡♥♡♥♡♥♡_____

ရေချိုးခန်းအတွင်းမှ ဘီလူးသံပုရာသီးစားထားသလို ရှုံ့မဲ့မဲ့ မျက်နှာကြီးနဲ့ ပွစိပွစိပြောရင်း ဘောက်စပ်ဘောက်စပ် ထွက်သွားတဲ့ ဂျောင်ကုနောက်သို့ ထယ်ယောင်း အပြေးလိုက်သွားရင်း စိတ်ထဲဝယ်တော့ "တော်တော်မွှေတဲ့ ဟိုဆော့ကီ"ဟု တွေးကာ ဟိုဆော့ ကို တချက်လှမ်းကြည့်လိုက်မိသေးသည်။

သို့ပေမဲ့ Bath tub ထဲဝယ် နှင်းဆီပွင့်ဖက်တွေနဲ့ သာသာယာယာဆော့ရင်း ကျန်နေရစ်ခဲ့တဲ့ ဟိုဆော့ ကတော့ ဘာကိုမှ အာရုံထဲမထားတဲ့အလား.. အေးဆေးစွာဖြင့်သာ ပျော်ရွှင်လို့ ။

ဂျောင်ကုရော ထယ်ယောင်းရော နှစ်ယောက်လုံး ရေချိုးခန်းကနေ ထွက်ခွာသွားတာ သေချာမှ တံခါးပေါက်ဘက် လှမ်းကြည့်ရင်း အပြုံးတပွင့်က အလှဆုံး ပွင့်လန်းကာ ခပ်မြူးမြူး အသံလေးပါထွက်၍ ရယ်မောလိုက်လေတဲ့ ဟိုဆော့ ။

အဘယ့်ကြောင့် ရယ်ရသလဲဆိုတာကိုတော့ သူသာအသိဆုံး ဖြစ်မယ် ထင်ပါသည်။

_________________________

ထယ်ယောင်းတစ်ယောက် အလုပ်ခန်းအတွင်းသို့ ဝင်ရောက်သွားတဲ့ ဂျောင်ကု နောက်သို့ လိုက်သွားပြီးနောက် ခုံပေါ်မှာထိုင်ကာ တရှူးရှူးဒေါသထွက်နေတဲ့ ဂျောင်ကု ကို မြင်တော့ သက်ပြင်းအသာခိုးချလိုက်မိ သေးသည်။

ပြီးနောက် အပီအပြင်ချော့ဖို့ အသက်၀၀ရှူကာ အားယူလိုက်ပြီးမှ အခန်းအတွင်းဝင်ရောက်ရင်း ချစ်ရသူ ဂျောင်ကု ပေါင်ပေါ်သို့ မျက်နှာချင်းဆိုင်အနေအထားဖြင့် ခွထိုင်လိုက်ကာ ဂျောင်ကုရဲ့ မျက်နှာလေးကို လက်နဲ့ အသာခပ်ဖွဖွကိုင်ပြီး မျက်လုံးအကြည့်ချင်းဆုံနိုင်အောင် ဆွဲမော့လိုက်သည်။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now