Baby Cuttie (8)

1.8K 203 187
                                    

📌Unicode

ကျန်တာတွေ မလိုချင်ပါဘူး
ကိုကို့ နှုတ်ခမ်းပါးလေးကနေ
ထွက်ကျလာတဲ့
"ချစ်တယ်" ဆိုတဲ့
စကားလေးနဲ့တင်
မောင့်ကမ္ဘာကြီး အရာရာ ပြည့်စုံတယ်။
ပန်းတွေဝေတယ်။
နှင်းတွေ ကြွေတယ်။
ရင်ဘတ်ထဲကတော့
အသဲနှလုံး တလှပ်လှပ်ခုန်တယ်။

K.T.H


________♡♥♡♥♡♥♡♥♡_____

ခြံတံခါးကို ခြံစောင့်ဦးလေးကြီး လာဖွင့်ပေးပြီးသည်နှင့် ခြံဝန်းထဲသို့ ကားလေးကို ကျွမ်းကျွမ်းကျင်ကျင် မောင်းဝင်လိုက်ကာ ကားဂိုထောင်ထဲအထိ ကားလေးကို မောင်းသွင်းပြီးမှ ကားစက်ကို ရပ်တန့်လိုက်သည်။

"ရောက်ပြီလေ ဘေဘီ လေး" ဟု ပြောရင်း မိမိနံဘေးက ကောင်လေးကို လှမ်းကြည့်လိုက်မိတော့ မရည်ရွယ်ဘဲ အပြုံးလေးတစ်ပွင့်က ဖြစ်တည်သွားရသည်။

ကားခုံကိုနောက်သို့ အားရပါးရမှီချထားပြီး ပါးစပ်လေး ဟစိဟစိ ပွင့်လျက်ဖြင့် အိပ်မောကျနေတဲ့ အချစ်တော်လေး။ ခလော ခလူး ဆိုတဲ့ အသံသေးသေးလေးကတောင် ထွက်နေသေး ။ တခါတရံ အိပ်ရင်းနဲ့ ယောင်ပြီး လက်ခုပ်လက်ဝါးတီးကာ ထရယ်တတ်တာတို့ ၊ သွားကြိတ်သံ ထွက်တာတို့လဲ ပြုလုပ်တတ်လေရာ ထိုအရာလေးတွေကအစ မြတ်နိုးဖွယ်အတိ။ လူကို အသဲတယားယားဖြစ်အောင် ညို့ဆွဲယူနိုင်လေ၏။

အနားသို့တိုးကပ်သွားကာ ခါးကို ကိုင်းပြီး သူ့ရဲ့ကားခါးပတ်ကို အသာချွတ်ပေးလိုက်သည်အထိ ဘာမှသိပုံမရ။ ကိုယ်လုံးလေး တချက် တွန့်ရင်း အနေအထားလေး နည်းနည်းပြောင်းသွားတာကလွဲလို့ နိုးလာမည့်ပုံတော့မပေါ်။

ဂျောင်ကု ထပ်မံ၍ ပြုံးလိုက်မိပြန်သည်။ ထို့အတူ မျက်စိရှေ့က အကောင်ပေါက်လေးကို ချစ်လွန်း၍ ငုံထားပစ်လိုက်ချင်စိတ်ကလဲ တဖွားဖွား။

ကားပေါ်က အသာဆင်းလိုက်ကာ ချစ်ရသူရှိရာဘက်ခြမ်းသို့ သွားပြီး ကားတံခါးကို ဖွင့်လိုက်သည်။ ပြီးနောက် ချစ်လင်တော်မောင်လေး ထယ်ယောင်းရဲ့ ကိုယ်လုံးလေးကို အသာမယူပွေ့ချီလိုက်လေသည်။ ပင်ပန်းပြီး အိပ်ပျော်နေတဲ့ အသဲလေးအား မနိုးရက်ဘူးမလား။ ဒါ့ကြောင့်လဲ အိပ်လျက်သားဖြင့် အိမ်ထဲအထိ ပွေ့ချီကာသွားရန် ကြံစည်မိခြင်း ဖြစ်ပေသည်။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now