အပိုင္​း-၃

11.2K 884 5
                                    

unicode

ထန်း​တောတစ်​​နေရာ

"ကိုကြီးစန်း ! ဗျိုး!ကိုကြီးစန်း"

"​ဟေ!!ဘယ်​သူ​တွေလဲကွ!"

သစ်​ကယ်​အိမ်​ထဲမှ အ​ပေါ်ပိုင်းဗလာနဲ့ က​တောင်းကျိုက်​ထား​သောအမျိုးသားတစ်​ဦးထွက်​လာသည်​။

"ကျွန်​​တော်​ မိုးထက်​ပါ!"

"​ဟာ..ညီ​လေးမိုးထက်​.ဧည့်သည်​​တွေလည်းပါလာပါလား?ထိုင်​ကြ.ထိုင်​ကြ"

မိုးထက်​တို့သူငယ်​ချင်းတစ်​စု သစ်​ကယ်​ထိုးထားတဲ့စင်​​အောက်​ဝင်​ထိုင်​လိုက်​ကြသည်​။ထန်းရည်​​သောက်​တဲ့သူ တစ်​​ယောက်​စနှစ်​​ယောက်​စလည်းရှိ​သေး​သည်​။

"မင်းဘယ်​တုန်းက ပြန်​​ရောက်​တာလဲ ညီ​လေး"

"တစ်​ပတ်​​လောက်​ဘဲရှိ​သေးတယ်​ ကိုကြီးစန်း"

"​အေးကွာ..မင်းကမြို့သားကြီးလုံးလုံးကိုဖြစ်​​နေပါ​ရော့လား?"

"ဟားဟား!ကိုကြီးစန်းက​တော့​မြှောက်​​နေပြန်​ပါပြီ"

မိုးထက်​ပုခုံးအား အားပါးတရဖက်​ကာ​ပြော​နေတဲ့ ကိုကြီးစန်း​ဆိုသည့်လူသည်​ အလွန်​သ​ဘောမ​နော​ကောင်းသည်​ဟု ကု​ဋေမှတ်​ချက်​မိသည်​။​တောသူ​တောင်​သား​တွေရဲ့ ရိုးသားပွင့်လင်းမှုကအ​ပြောအဆိုမှာတင်​​ပေါ်လွင်​​နေသည်​။

"ဒီမှာ ကျွန်​​တော့်ရဲ့မြို့ကသူငယ်​ချင်း​တွေအလည်​ပါလာတယ်​
သူတို့ကထန်းရည်​မ​သောက်​ဖူးလို့တဲ့ အဲ့ဒါကိုကြီးစန်းထန်းရည်​ဆိုင်​ကိုဘဲ​ခေါ်လာလိုက်​တယ်​"

"ဟုတ်​ပါပြီကွာ..ငါ့ညီတို့လည်း​ရောက်​တုန်း​ရောက်​ခိုက်​​အေး​ဆေးသာ​နေကြမိုးထက်မရှိလည်းထန်းရည်ဆိုင်ကိုလာလည်​လို့ရတယ်​​နော်​"

"ဟုတ်​ကဲ့ပါ"

ကု​ဋေ နဲ့ရှိုင်းလည်း ပြုံးကာပြန်​​ဖြေလိုက်​သည်​။

"စ​သောက်​မှာဆို​တော့ ထန်းရည်​အချိုဘဲ​ပေးမယ်​​နော်​.အဆင်​​ပြေတယ်​မလား?"

"​ပြေတယ်​ ကိုကြီးစန်း အမြည်းက​ရော ဘာ​တွေရ​သေးလဲ?"

မိုးထက်​​မေး​တော့

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now