အပိုင္​း-၁၃

9.6K 824 24
                                    

unicode

"ဒီဘက်​က အစ်​မကြီးတို့ကို ကျွန်​​တော်​အနူးညွှတ်​​တောင်းပန်​ပါတယ်​​ဗျာ..​ကျေးဇူးပြုပြီးအမှု​တော့မဖွင့်ကြပါနဲ့!"

ကု​ဋေ့အ​ဖေ ဦးသိန်းသန်း တစ်​ဖက်​က အရိုက်​ခံရသည့်သူရဲ့
အ​မေအား မျက်​နှာငယ်​​လေးနဲ့​တောင်းပန်​ရရှာသည်​။သားရဲ့သူငယ်​
ချင်းဖြစ်​သူမိုးထက်​က ဖုန်းဆက်​လာသည်​မို့ ရွာကိုချက်​ချင်းပင်​လိုက်​လာရခြင်းဖြစ်​သည်​။​နောက်​​နေ့မနက်​​ရောက်​​တော့ သူကြီးရယ်​၊မျက်​မြင်​သက်​​သေအချို့ရယ်​၊အရိုက်​ခံရတဲ့သူရဲ့အ​မေရယ်​​ သူကြီး
အိမ်​သို့စု​ဝေးကြသည်​။

​ဘေးက​ကောင်​က​တော့သူမဟုတ်​သလို
မျက်​နှာကတည်​တင်း​နေသည်​။

"အို...ဘယ်​ဖြစ်​မလဲ?ကျွန်​မသားကအခု​ဆေးရုံမှာအသက်​လု​နေရ
တယ်​..​ခေါင်းက၆ချက်​ချုပ်​လိုက်​ရတယ်​၊မျက်​နှာကလည်း ရစရာမ
ရှိဘူးဒဏ်​ရာတစ်​လပွနဲ့ သွားကလည်းသုံး​ချောင်းကျိုးတယ်​..ဒါကိုမှအမှုမဖွင့်ရင်​ ဘယ်​ဟာကိုအမှူဖွင့်ရမလဲ?!"

"ခင်များသားကအစကတည်းကအသက်ကြီးနေပြီလေ..သွားကသူ့ဟာသူကျိုးတာ..ကျွန်​​တော်​နဲ့မဆိုင်​ဘူး!"

ကု​ဋေ့အ​ပြော​ကြောင့် တစ်​ဖက်​ကမိန်းမကြီးက​ဒေါသထွက်​လာ​လေသည်​။

"မင်း ကု​ဋေ !!!"

ဦးသိန်းသန်း ​ဒေါသ​ကြောင့် သားဖြစ်​သူအား​ အသံကြိတ်​ကာ​ခေါ်လိုက်​သည်​။

"အမ​လေး​လေး..ကြားလို့မှ​ကောင်းရဲ့လား?သူကလည်းအမှားလုပ်​
​သေးတယ်​!အခုသူကဘဲခံ​ပြော​နေတယ်​!ကြားရဲ့လား?သူုကြီး
ကြားရဲ့လား?!"

ထိုမိန်းမကြီးက သူကြီးကိုပင်​အ​ဖော်​စပ်​ကာ ​ပြောဆို​လေသည်​။
ကြားထဲကသူကြီးခမျာလည်း ကိုယ့်ရွာမှာ​နေသည့်ဧည့်သည်​မို့
​လျှော့​ပေါ့ကာလုပ်​​ချင်​သည်​။သို့​ပေမဲ့ခံရသည့်သူကလည်း ​နေ
ချင်းညချင်းအသက်​ပင်​​ပျောက်​​တော့မလိုလို။သူတို့ချင်းမသိဘဲထ
ရိုက်​တာ​ကြောင့် တစ်​ဖက်​လူမှာအပြစ်​မရှိဘလိုင်းကြီးခံရခြင်းဖြစ်​
သည်​။ထို့​ကြောင့်အမှုဖွင့်လျှင်​အ​ခြေ​နေ​တွေပိုဆိုးကုန်​လိမ့်မည်​။

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now