အပိုင္​း-၂၈

9K 684 22
                                    

unicode

"ညီမ​လေး စားလို့မ​ကောင်းဘူးလား?"

ထမင်းပနး်​ကန်​ကို မစားဘဲ​မွှေ​နှောက်​​နေတဲ့ညီမဖြစ်​သူကို ​အေး​ မေး
လိုက်​သည်​။အခုဆို ညီမ​လေးဗိုက်​​လေးက ၄လထဲဝင်​​နေပြီမို့
​သိသိသာသာ​ဖောင်းကြွ​နေသည်​။အစား​တွေအများကြီးပိုစားလာရ
​တော့ လူကပြည့်ပြည့်​ဖောင်း​ဖောင်း​လေးဖြစ်​လာသလိုအသား​လေး
ပင်​ လတ်​လာသည်​။

"မဟုတ်​ပါဘူး ကိုကြီးရဲ့"

"စားချင်​တာရှိရင်​ ကိုကြီးကို​ပြော​လေ ချက်​​ကျွေးမယ်​​နော်​"

​ဒေါ်​လေး​စောကလည်း မအားသည်​မို့ ညီမ​လေးကိုအချိန်​ပြည့့်မကြည့်နိုင်​။​အခုညီမ​လေးက ​ဒေါ်​လေး​စောတို့အိမ်​လိုက်​​နေရတာ
ဖြစ်​သည်​။​အေးလည်း အလုပ်​ပြီးတိုင်း ညီမ​လေးဆီအမြဲလာပြီး
ညီမ​လေးကြိုက်​တတ်​တာ​လေး​တွေချက်​​ကျွေးဖြစ်​သည်​။

"ကိုကြီးသိလား?က​လေး​လေးက​လေ ​​ယောကျာင်္း​လေးဖြစ်​မယ်​
ထင်​တယ်​"

ဗိုက်​​လေးကိုပွတ်​ကာ ​တွေးဆဆဖြင့်​ပြောလာတဲ့ညီမ​လေး​ကြောင့်
​အေး ​ယောင်​ယမ်းကာ ကြည့်လိုက်​ရ​သေးသည်​။

"ဘာလို့လဲ?"

"မိုးထက်​မျက်​နှာကြီးကိုဘဲ အိပ်​မက်​ထဲအမြဲမက်​​နေလို့"

"ဟမ်​!"

"ဟုတ်​တယ်​ ကိုကြီးရဲ့ မိုးထက်​က​လေ အိပ်​မက်​ထဲမှာ ​ဘောလုံး
​သေး​သေး​လေးကိုပိုက်​လို့ အဲ့လိုမျိုးဘဲမက်​​နေတာ"

"အဲ့ဒါနဲ့​ယောကျာင်္း​လေးဖြစ်​​ရောလား?"

"ဟီး..မသိဘူး​လေ ကိုကြီးရဲ့"

"ကိုကြီးက​တော့ ​ယောကျာင်္း​လေးဘဲဖြစ်​ဖြစ်​ မိန်းက​လေးဘဲဖြစ်​ဖြစ်​
မိုးထက်​နဲ့မတူ​စေချင်​ဘူး"

"ဟင်​ ဘာလို့လဲ?"

"သူနဲ့တူရင်​ မ​ကောင်းတဲ့အကျင့်​တွေပါလာမှာစိုးလို့"

"ဟာ..ကိုကြီးကလည်း အဲ့လိုမ​ပြောပါနဲ့ အဲ့လူကြီးက​ကောင်းပါ
တယ်​"

"မ​ကောင်းပါဘူး စိတ်​ကလည်းပုတ်​တဲ့အပြင်​ မျက်​နှာကလည်း
အမြဲတမ်းမျက်​နှာ​သေကြီးနဲ့ဘယ်​​နေရာက​ကောင်းလို့လဲ?"

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now