အပိုင္​း-၂၄

8.6K 659 7
                                    

unicode

"​မောင်​တို့​နောက်​လထဲ​ကျောင်း​တွေပြန်​ဖွင့်​တော့မယ်​"

"ဟင်​?"

"​မောင်​မင်းနဲ့မခွဲချင်​​သေးဘူးကွာ"

​မောင့်​ခေါင်း​လေးက သူ့ပုခုံး​လေး​ပေါ်မှီကျလာသည်​။သူလည်းအ
လိုက်​သင့်​ပွေ့ဖက်​ကာ ​မောင့်​ခေါင်း​ပေါ်မှဆံပင်​​လေး​တွေကို
ဖွဖွ​လေးပွတ်​သပ်​​ပေးလိုက်​သည်​။

"ပညာ​ရေး​ကြောင့်ဘဲ​မောင်​ရယ်​ ငါလည်း​မောင်​နဲ့ခွဲချင်​ပါ့မလား?"

"​​မောင်​နဲ့လိုက်​ခဲ့ပါလားဟင်​?​မောင်​ပြန်​ရင်​"

"ဟင့်အင်း မဖြစ်​နိုင်​ဘူး​မောင်​ရယ်​"

"မဖြစ်​နိုင်​တာမရှိပါဘူးကွာ နှိုင်းမမှီကိုလည်း ​ကျောင်းထား​ပေးမယ်​
​အေးကိုလည်း​မောင်​​စောင့်​ရှောက်​​ပေး..."

"ဘယ်​လို"

​အေးအသံကခုနကလိုမဟုတ်​ဘဲ ​အေးစက်​သွား​သော​ကြောင့်
ကု​ဋေရင်​ခွင်​ထဲမှထွက်​ကာ ​အေးကိုပြန်​ကြည့်လိုက်​မိသည်​။

"ငါက ကိုယ့်ညီမ​တစ်​​ယောက်​လုံးကို​တောင်​ ​ကျောင်းမထား​ပေးနိုင်​
တဲ့အဆင့်လား ​မောင်​?"

"မဟုတ်​ဘူး ​မောင်​​ပြောချင်​တာက..."

"ငယ်​ငယ်​ကတည်းက ညီမ​လေးကိုငါ့လက်​ငါ့​ခြေနဲ့​ကျွေး​မွေး​စောင့်
​ရှောက်​ခဲ့​ပေးခဲ့တာ ​မောင်​ သူများထား​ပေးမှ​နေရမည့်အ​ခြေ​နေမဟုတ်​ဘူး ပြီး​တော့ ငါက​ယောကျာင်္း​လေးတစ်​​ယောက်​ဆိုတာ
​မောင်​​မေ့​နေတာလား?"

"မဟုတ်​ပါဘူးကွာ..​မောင်​က.."

"​မောင်​ကငါ့ကို မိန်းက​လေးလိုသတ်​မှတ်​ပြီး ချစ်​ခဲ့တာလားဟင်​?"

မျက်​ဝန်းထဲမှအရည်​ကြည်​​လေး​တွေကိုမြင်​လိုက်​ရ​တော့ ကု​ဋေ့ရင်​
ထဲထိတ်​ခနဲ။သူ​ပြောချင်​တာကအဲ့လိုအဓိပ္ပါယ်​မဟုတ်​။​အေးကိုမခွဲနိုင်​လို့သာ ​ခေါ်ခြင်းဖြစ်​သည်​။
ဒူး​ပေါ်တင်​ထားတဲ့ လက်​က​လေးနှစ်​ဖက်​ကို ကမန်းကတမ်းဆုပ်​ကိုင်​လိုက်​ရင်း...

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now