အပိုင္​း-၂၂

9.1K 697 5
                                    

unicode

"မင်းလုပ်​ချင်​တာသာလုပ်​မင်းကု​ဋေ!ငါ့ကိုဘာမှလာ​တိုင်​ပင်​​နေစရာမလိုဘူး!"

ဖုန်းထဲမှ ​ဒေါသတကြီး​ပြော​နေတဲ့ ​daddyအသံကို ကု​ဋေ ဖုန်းနဲ့ခပ်​ခွာခွာ ​နေကာနား​ထောင်​​နေရသည်​။အခုက​အေးနဲ့သူရဲ့အ​ကြောင်း​တွေကို​daddyအား အသိ​ပေးခြင်းဖြစ်​သည်​။ရလဒ်​က​တော့ကြားကြတဲ့အတိုင်းပါ ခါးခါးသီးသီးဘဲ။

"ကျွန်​​တော်​လည်းတိုင်​ပင်​​နေတာမဟုတ်​ဘူး ​daddyအသိ​ပေးရုံပါ"

"​အေး မင်းလုပ်​ချင်​ရာလုပ်​ပြီး အသိ​ပေး​တော့​ရော ဘာထူးမှာလဲ?
မင်းက​လေ မင်းအ​မေနဲ့ တစ်​​ထေရာတည်းဘဲ!"

"ဘာလို့​mommyအ​ကြောင်းက ပါလာရပြန်​တာလဲ​daddy!"

"မပါလို့ဖြစ်​​မလား?မင်းကိုသူ​မွေး​ထားတာကွ!မင်းရဲ့ကိုယ်​ထဲမှာ
မင်းအ​မေရဲ့​သွေး​တွေအပြည့်ဘဲ!"

"...."

"မင်းအ​မေနဲ့ငါဘာလို့ကွဲကြလဲမင်းသိလား?မင်းအ​မေက ဘာကိစ္စ
လုပ်​လုပ်​ ငါ့ကိုမတိုင်​ပင်​ဘဲအမြဲတမ်းတဇွတ်​ထိုးလုပ်​တယ်​၊စိတ်​ထင်​ရာ​တွေ​လျှောက်​လုပ်​တယ်​..အခုမင်းလည်း အဲ့လိုဘဲ!မင်းလည်း
သူ့လမ်းစဉ်​အတိုင်းဘဲသွားမှာဘဲ!"

"mommyကို ဖုန်းဆက်​ရဦးမယ်​ ဒါဘဲdaddy"

တီ

ဖုန်းချပြီး​နောက်​ အသက်​ကို၀၀ရှူလိုက်​သည်​။daddyတစ်​​ယောက်​တည်းကို​တောင်​ ဒီ​လောက်​​ပြောရတာ mommy
သာဆို ဘယ်​​လောက်​​တောင်​ပွတ်​​လောရိုက်​​နေမလဲ?
ဒါ​ပေမဲ့လည်း mommyက​ခေတ်​ရှေ့​ပြေး​တော့ ဒါမျိုးကိစ္စ​တွေ
ကို ငြင်းရင်​​တောင်​ အရမ်းကြီးကန့်ကွက်​တဲ့အထဲ​တော့မပါဘူး။
ဘာဘဲဖြစ်​ဖြစ်​ မိဘ​တွေကို​တော့ ကြို​ပြောရမဲ့တာဝန်​ရှိတယ်​​လေ။
​အေးကို တစ်​ဘဝလုံးရည်​ရွယ်​ထားတာဆို​တော့ ​လေးနက်​မှရမယ်​။

"ဖုန်းထဲကဦး​လေးအသံကို တစ်​ရွာလုံးကြား​လောက်​တယ်​"

​လှေကားထစ်​မှာထိုင်​ရင်း မိုးထက်​ကဆိုသည်​။​အိမ်​​နောက်​​ဖေးမှာ
ဖုန်း​ပြော​နေ​သော်​လည်း အိမ်​​ရှေ့ကုတင်​မှာထိုင်​​နေတဲ့မိုးထက်​​တောင်​ကြားရသည်​ဆို​တော့။

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now