အပိုင္​း-၂၁

9.3K 723 3
                                    

unicode

"​အေး"

"ဟင်​ မင်းဒီကိုဘာလာလုပ်​တာလဲ?"

​ခေါ်သံ​ကြောင့် ​အေး အိမ်​ပြင်​ထွက်​လာ​တော့ ဟိုတစ်​​နေ့က​မောင်​နဲ့
ရန်​ဖြစ်​တဲ့မြို့သား​ကောင်​ဖြစ်​သည်​။ပုံစံကမဝံ့မရဲပုံစံဖြင့်​အေးကိုကြည့်​နေသည်​။

"​အေးကို လာနှုတ်​ဆက်​တာပါ..ကျွန်​​တော်​ပြန်​​တော့မလို့"

"...."

"ကျွန်​​တော်​တကယ်​​တောင်းပန်​တယ်​..အဲ့​နေ့ကဖြစ်​တဲ့ကိစ္စကို..ပြီး​တော့.."

"ခဏထိုင်​ပါ ရပါတယ်​"

​အေး​ပြောလိုက်​​တော့ ​ဝေယံဟိန်းထက်​က ​အောက်​ထပ်​ကကုတင်​​လေးတွင်​ထိုင်​​လေသည်​။​အေးလည်း အိမ်​​ပေါ်သွားပြီး ​ရေ​နွေးဗန်း
သွားယူကာ ဧည့်ခံ​လိုက်​သည်​။ရွာကိုလာတဲ့ဧည့်သည်​မို့အတတ်​နိုင်​ဆုံး ကိုယ့်ဘက်​ကမရိုင်း​အောင်​​နေရမည်​။ပြီး​တော့သူကသူကြီးအိမ်​က ဧည့်သည်​။

"​အကြမ်းရည်​​လေး​သောက်​ပါဦး"

"အာ..ဟုတ်​ကဲ့..ကျွန်​​တော်​ ​မပြန်​ခင်​ငြိမ်းချမ်း​ရေးလာယူတာပါ"

"ဟင်​"

"အဲ့​နေ့ကကျွန်​​တော့်ဘက်​ကလွန်​သွားတယ်​..ပြီး​တော့..​အေးကို
မိန်းက​လေးထင်​မိလို့ပါ "

​ဝေယံက သူ့လုပ်​ရက်​ကိုရှက်​သလို ​အေးကိုမရဲတရဲ​လေးကြည့့်သည်​။

"ဟို..အမှန်​တိုင်း​ဝန်​ခံရရင်​ ​အေးရဲ့ဘဝအမှန်​ကိုသိပြီးတဲ့​နောက်​ပိုင်းလည်း ကျွန်​​တော့်ခံစားချက်​က​ပြောင်းလဲမသွားခဲ့ဘူး"

​အေး မျက်​နှာပျက်​သွား​ပေမဲ့ ​ဝေယံက​တော့ပြုံး​နေသည်​။

"ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​ သက်​ဆိုင်​သူရှိ​တာ​ကြောင့်​တော့
မဟုတ်​ဘူး ဒါ​ပေမဲ့ ​အေးကိုစိတ်​အ​နှောင့်အယှက်​မဖြစ်​​စေချင်​လို့
​နောက်​ဆုတ်​​ပေးလိုက်​တာပါ"

"​အေးလည်း​တောင်းပန်​ပါတယ်​"

"ဟင်​ ဘာလို့လဲ?"

"အဲ့​နေ့က ​မောင်​..အဲ့.."

"ရပါတယ်​ အဆင်​​ပြေသလို​ပြောပါ"

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now