အပိုင္​း-၁၈

9.6K 730 28
                                    

unicode

"ခင်​များ ကျွန်​​တော့်ကို​ရှောင်​​နေတာလား?"

"အမ်​ မ​ရှောင်​ပါဘူး"

ဘာ​ကြောင့်မှန်းမသိ ခါချဉ်​တစ်​​ယောက်​ ရှိုင်းကသူ့ကို​ရှောင်​​နေသလိုခံစား​နေရသည်​။အခါတိုင်းဆို ထန်းရည်​ဆိုင်​သွားလည်း
သူ့ကို​ခေါ်သည်​။​ရေချိုးသွားလည်းအတူတူဖြစ်​သည်​။ပြီး​တော့
အချိန်​တိုင်းလိုလို သူ့​နောက်​စ​နောက်​​နေတတ်​​သေးသည်​။အခုများ
​တော့ သူမဟုတ်​သည့်အတိုင်းပင်​။မ​ခေါ်ချင်​သလိုလိုမ​ပြောချင်​သလိုလို။ဒါကိုဘဲ ခါချဉ်​ခံပြင်း​နေမိသည်​။

"မလိမ်​နဲ့ ခင်​များကျွန်​​တော့်ကို​ရှောင်​​နေတာ ကျွန်​​တော်​သိတယ်​"

"မ​ရှောင်​ပါဘူးဆို​နေကွာ"

ကြာ​တော့ ရှိုင်းစိတ်​ပျက်​လာ​လေသည်​။

"လိမ်​ရင်​​မြွေ​ပွေးကိုက်​!"

"​အေး ကိုက်​ကွာ!"

"ရုပ်​ဆိုးနဲ့ညား!"

"​အေး ညားကွာ!"

"​နောင်​ဘ၀ကြဒီထက်​အရပ်​ပု!"

"​အေး..ဟာ..အဲ့ဒါ​တော့မရဘူး!"

ဒီကတစ်​ခါ​တော့ရှိုင်းပြာပြာသလဲငြင်း​လေသည်​။

"ဘာလို့လဲ?"

"ဒီဘဝမှာ​တောင်​အရပ်​မထွက်​တာကို ​နောင်​ဘဝအထိပု​ပေးရဦးမှာလား?"

ဟုတ်​တယ်​.ဘယ်​ဘဝကအကျိုးဆက်​​ကြောင့် ဒီဘဝမှာကျိန်​စာလာ
သင့်​နေတဲ့အရပ်​ကို သူကထပ်​ပုခိုင်းချင်​​သေးတယ်​။

"ခင်​များအရပ်​ဘယ်​​လောက်​လဲ?"

"၅​ပေ၆"

"ခွီး..​ေ-ာက်​ဂျပုဘဲ!"

"ဘာ!မင်း..မင်း!"

"ဘာလဲ အမှန်​တရား​ကို​ပြော​တော့နာသွားတာလား?"

"မင်းရှည်​တိုင်းလာမ​ပြောနဲ့!"

"ဒီမှာ ​ယောကျာင်္းဆိုတာ အနည်းဆုံး​တော့ ၅​ပေ၇ ၅​ပေ၈​​လောက်​
​ရှိရတယ်​..ဒါမှဆွဲ​ဆောင်​မှူရှိတာဗျ...ကျွန်​​တော်​ဆို ၅​ပေ၉ ​နောက်​နှစ်​ဆို၆​ပေပြည့်​တော့မှာ..ဟင်းဟင်း!"

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now