အပိုင္​း-၉

9.3K 804 10
                                    

unicode

🎶🎶🎶

မလွန်​ဆန်​နိုင်​ နုလုံးသားထဲရစ်​​နှောင်​တွယ်​
ပတ်​လို့ဖြင့်ထား​သော်​လည်း
အ​တွေးခက်​တဲ့ သံ​ယောဇဉ်​
ငယ်​ရွယ်​သူ ဖြစ်​​တော့လည်း
ချစ်​တာဘဲ ဦးစား​ပေးသိ​နေတယ်​
အ​တွေးခက်​တဲ့ ဇာတ်​လမ်းမှာ....

ကြားလူ​တွေဖြတ်​လို့​တော့ ​နောက်​မဆုတ်​ဘူး
စမိတဲ့ အချစ်​​တွေကို ရုတ်​သိမ်းဖို့မ​တောင်းဆိုနဲ့
ငါ့အသိထဲ မင်းတစ်​​ယောက်​ဘဲ ငဲ့ညှာမယ်​
ဒို့နှစ်​​ယောက်​ရဲ့ နိဗ္ဗာန်​​လေး
ဖျတ်​သိမ်းဖို့မ​တောင်းဆိုနဲ့ ဘာတစ်​ခုမှဂရုမစိုက်​နိုင်​

🎶🎶🎶

​နေ့လည်​ခင်းအချိန်​ ​ရေဒီယိုမှလာ​သော သီးချင်းသံသည်​ တစ်​အိမ်​
လုံးပျံ့နှံ့လျက်​ရှိသည်​။​ ကု​ဋေနှင့်မိုးထက်​အိမ်​​ရှေ့အပင်​​ကြီး​အောက်​တွင်​ ထိုင်​​နေကြသည်​။မိုးတစ်​သုတ်​ရွာထား​သော်​လည်း
ပူအိုက်​​နေတုန်းပင်​။ထို့​ကြောင့် မ​နေနိုင်​၍အိမ်​​ရှေ့ထွက်​ထိုင်​​နေခြင်း
ဖြစ်​သည်​။အရိပ်​ရ​သောအပင်​ကြီး​တွေရှိ​သော​ကြောင့် ​လေနု​အေး​အေးက တိုက်​ခတ်​သည်​။

"ကု​ဋေ "

"ဟင်​"

"..."

"ဘာလဲ မိုးထက်​?​ပြောစရာရှိ​လို့လား?"

သူ့ကို​ခေါ်ပြီး ​ဘာမှမ​ပြောတဲ့မိုးထက်​အား ကု​ဋေ​မေးလိုက်​သည်​။

"ငါ...သူငယ်​ချင်းတစ်​​ယောက်​အ​နေနဲ့မင်းကိုသတိ​ပေးစရာရှိတယ်​"

"....."

မိုးထက်​​ပြောမယ့်စကားကို ကု​ဋေ ရိပ်​မိသည်​။အဲ့​လောက်​စကားပလ္လင်​ခံ​နေရင်​ သူ​ပြောမယ့်အ​ကြောင်းအရာဆိုတာ...

"မင်း နှိုင်းမရနဲ့သိပ်​အ​ရောမဝင်​ပါနဲ့လား?မဟုတ်​ဘူး စကားကို​ပြော
မ​နေနဲ့ကွာ"

"ဘာလို့လဲ?"

"အစကတည်းက ပတ်​ဝန်းကျင်​ကသူ့ကိုဆို ​ပြောဆို​အပြစ်တင်​​နေကြတာ​လေ​တော်​ကြာ မင်းပါ​ရောပြီး​ပြောခံ​နေရရင်​ မင်းဘဲ​သိက္ခာကျမှာ"

မောင့်​ရင်​​အေး​စေချင်​...(completed)Where stories live. Discover now