2

2.9K 201 0
                                    

[Unicode]

ရှောင်ကျန့်တစ်ယောက် ဆေးရုံမှအလုပ်ထွက်ခဲ့၏... သူဟာ မေ့ဆေးဌာနမှာလုပ်တဲ့ အမျိုးသားသူနာပြုတစ်ယောက်ဖြစ်သည်... ဆေးရုံထဲက သူ့ရဲ့အပြုအမူအပြောအဆိုတွေက ဆေးရုံအပြင်ရောက်လျှင်ကွာခြားသွားလေသည်... ဆေးရုံထဲမှာဆိုရင် သူက တည်ကြည်လေးနက်ပြီး အလုပ်ကြိုးစားကာ အလုပ်ထဲမှာပဲနစ်မြုပ်ထား၏... အပြင်မှာဆိုရင်တော့ မရင့်ကျက်တဲ့ ပြဿနာကောင်ရှောင်ကျန့်ကိုသာမြင်ရပေမည်...

ရှောင်ကျန့် အဝတ်စားလဲပြီးနောက် ဆေးရုံအပြင်ထွက်လိုက်သည်... ထို့နောက် သူအကြောဆန့်လိုက်ပြီး ကျေနပ်အားရတဲ့အမူအရာလုပ်လိုက်၏... "နောက်ဆုံးတော့ ငါလွတ်လပ်သွားပြီ!" ရှောင်ကျန့်ရဲ့အော်သံက အနီးနားကလူတွေကိုဆွဲဆောင်လိုက်၏... တချို့ဆိုရင် သူ့ကို ထောင်ကနေထွက်ပြေးလာတဲ့အရူးတစ်ယောက်လို့တောင် ထင်နေကြသည်...  တချို့ကတော့ သူ့ကိုစိတ္တဆေးရုံကနေထွက်ပြေးလာတဲ့ အရူးဟုထင်ကြသည်... ရှောင်ကျန့်ကိုသိတဲ့လူတချို့ကတော့ တည်ကြည်ပြီး အရည်အချင်းရှိတဲ့ မေ့ဆေးသူနာပြုက ပြဿနာတစ်ခုခုကြုံနေရတယ်လို့ထင်လိုက်ကြလေ၏.... ရှောင်ကျန့်ကတော့ သူ့သူငယ်ချင်းတွေကိုဖုန်းခေါ်လိုက်ပြီးနောက် သူ့ပြိုင်ကားလေးနဲ့ သူတစ်ယောက်တည်းနေတဲ့villaကို မောင်းပြန်လိုက်သည်... သူ့villaက အိပ်ခန်းသုံးခုပါပြီး သူလိုချင်တဲ့ပုံစံအတိုင်းဆောက်ထားသည်... သူက ပိုက်ဆံရှိပြီး ချောမောလှေပပေမဲ့ ရည်းစားတော့တစ်ယောက်မှမရှိပေ... သူ့ဘိုးဘေးတွေက သူ့ကိုကျိန်စာတိုက်ထားတာပဲဖြစ်ရမည်....

"ဒီလိုလှပပြီးခံ့ညားတဲ့ bottomလေးက single ဖြစ်နေတုန်းပဲ... ဆိုးလိုက်တဲ့ငါ့ဘဝပါလား" ရှောင်ကျန့်တစ်ယောက် ညည်းညူပြောဆိုကာ အိမ်ထဲကဆိုဖာပေါ်မှာထိုင်ချလိုက်၏...  ဘေးနားက အိမ်အကူတွေကတော့ ခေါင်းခါလိုက်လေသည်... သူတို့သူဌေးကတော့ ထပ်ပြီးဝမ်းနည်းပက်လက်ဖြစ်နေပြန်ပြီ... သူတို့ သူ့ကိုတကယ်သနားတယ်.... သူဌေးက သူတို့ကိုတောင် အကြံဉာဏ်တောင်း၏... နောက်ဆုံးတော့ သူဌေးကို အမျိုးသမီးတွေနဲ့ချိန်းတွေ့ဖို့ အကြံပေးလိုက်သည်.... မိန်းကလေးတွေနဲ့ဆိုရင် ပိုပြီးတည်မြဲကောင်း တည်မြဲနိုင်လောက်၏... သို့သော်လည်း ရှောင်ကျန့်ကတော့ ခေါင်းခါခဲ့သည်... သူကbisexual မဟုတ်ဘဲ 100%gayဖြစ်ပြီး သူမိန်းတွေကိုသဘောမကျဘဲ ယောက်ျားတွေကိုသာသဘောကျ၏.... သူ့ဂုဏ်ကို သူချမှာမဟုတ်ပေ....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now