17

894 68 0
                                    


Unicode

Next day,

ရှောင်ကျန့်တစ်ယောက် နိုးလာတော့ သူ့ခန္ဓာကိုယ်ကို မခံစားရပေ.... သူလှုပ်ရှားဖို့ကြိုးစားနေပေမဲ့ ခြေထောက်တစ်ချောင်ပင် မရွေ့နိုင်ပေ.... မနေ့ညက အကြောင်းအရာတွေ သူ့ခေါင်းထဲမှာ ပြန်ပေါ်လာပြီးနောက် ဘာတွေဖြစ်ခဲ့လဲဆိုတာ သူ့စိတ်ထဲ ရှင်းရှင်းလင်းပြန်မှတ်မိသွားသည်... အဲ့မကောင်းတဲ့ကောင်က သူ့ကိုအခွင့်ကောင်းပြီး နှစ်ပေါင်းများစွာ ရတနာလိုထိန်းသိမ်းလာတဲ့ သူ့virginလေးကိုယူသွားတာ.... ပြီးတော့ အဲ့အရူးက ဘာအကာအကွယ်မှလည်းမသုံးဘူး... မတော်တဆ ကိုယ်ဝန်ရှိသွားရင် သူ့အမေ သူ့ကိုသတ်တော့မှာဘဲ!... ထို့နောက် သူ့နောက်မှာ တစ်စုံတစ်ယောက်ရှိနေတာကို ရှောင်ကျန့်ခံစားမိလိုက်၏.... အဲ့ဒါက ဝမ်ရိပေါ်ဆိုတာ သေချာတယ်.... သူ့ဘဝနဲ့အနာဂတ်ကို လုံးဝဖျက်ဆီးပစ်လိုက်တာတောင် သူ့မှာအိပ်ရဲတဲ့သတ္တိရှိသေးတယ်....

ရှောင်ကျန့်တစ်ယောက် ကျန်နေသေးတဲ့ ခွန်အားအနည်းငယ်ကို စုစည်းလိုက်ကာ ရိပေါ်ကိုကန်လိုက်လေ၏... "ငါ့ကို စားပစ်ပြီးတာတောင် မင်းမှာအိပ်ရဲတဲ့သတ္တိရှိသေးတယ်ပေါ့!" ရှောင်ကျန့်အော်သံကြောင့် ရိပေါ်မှာ ‌သူဘာကိုဆိုလိုတာလဲဆိုတာ စဥ်းစားလိုက်၏... မနေ့ညက ‌အကြောင်းကိုပြောနေတာမှန်းသိသွားပြီး သူမျက်လုံးပြူးသွားသည်....

"မနေ့က ကိုယ်တို့ခံစားချက်တွေက အပြန်အလှန်ပဲလေ.... ပြီးတော့ မင်းရဲ့ခွင့်ပြုချက်နဲ့ပဲ ကိုယ်လုပ်ခဲ့တာကို ဘာလို့ ကိုယ့်ကိုကန်နေတာလဲ... မနေ့ညက ‌ကျိန်းသေပေါက် မင်းခံစားလို့ကောင်းခဲ့တာပါ" ရိပေါ်တစ်ယောက် မျက်ခုံးပင့်ကာ ပြန်ဖြေလိုက်သည်.... ရှောင်ကျန့်မှာတော့ ရိပေါ်တစ်ကိုယ်လုံးကို တစ်စစီဖြုတ်ပြီး ခွေးကျွေးချင်စိတ်ပေါက်လာလေ၏....

"မနေ့က ငါ့ခံစားချက်တွေမူမမှန်ဖြစ်နေတာကို မင်းအခွင့်ကောင်းယူသွားတာ! အရမ်းကိုတော်တဲ့ဒေါက်တာကြီးရဲ့! အကာအကွယ်သုံးရမယ်ဆိုတာကို မင်းမသိဘူးလား!" ရိပေါ်နားပိတ်ထားလိုက်၏... ရှောင်ကျန့်ဘာဖြစ်နေတာလဲ... သူဘာလုပ်လုပ်မှာနေတာပဲ... မနေ့ညကတော့ လုံးဝမခုခံဘဲ သူ့ကိုဝမ်းပန်းတသာကြိုဆိုပြီးအခုတော့ မကျေမနပ်ညည်းညူနေတယ်....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now