8

1.4K 142 6
                                    

[Unicode]

ရှောင်ကျန့်နဲရိပေါ် နေ့လည်စာအတူတူစားလေသည်... ရှောင်ကျန့်မှာ ဟန်ဆောင်မနေတော့ဘဲ သူစားချင်တာမှန်သမျှမှာလေ၏... စားစရာပမာဏက သူ့ခန္ဓာကိုယ်နဲ့တောင် ယှဉ်လိုရသည်... ရိပေါ်ကလည်း စားစရာတွေကို ရှောင်ကျန့်အကုန်စားနိုင်လိမ့်မယ်လု့ မထင်ပေ... လွန်ခဲ့တဲ့တစ်လတုန်းက ဘာလုပ်ခဲ့လဲဆိုတာမေ့သွားလို့ ရှောင်ကျန့်က သူ့ကို တမင်သင်ခန်းစာပေးတယ်လို့ ရိပေါ်ထင်နေ၏.... သို့သော်လည်း ရှောင်ကျန့်မှာ မှာသမျှစားစရာတွေအကုန်စားတဲ့အပြင် အချိုပွဲပါထပ်မှာတော့  ရိပေါ်အံ့ဩသွားလေသည်... 

သူတို့စားသောက်ပြီးနောက် ရိပေါ်မှာ ရှောင်ကျန့်က တကယ်ပဲအကုန်လုံးကိုစားပစ်တာလားဆိုတာစစ်ကြည့်ရန်နောက်မှာကျန်ခဲ့သည်... အတည်ပြုဖို့ သူ့ပါးကိုတောင် သူပြန်ဆိတ်ကြည့်လိုက်၏.... နာကျင်မှုကိုခံစားလိုက်ရမှ အိပ်မက်မက်နေတာမဟုတ်ဘဲ တကယ်ဆိုတာ ရိပေါ်သိသွားလေသည်....

သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တိုးတက်လာလေသည်.... ဆေးရုံမှာဆိုရင် သူတို့နှစ်ယောက်က အရာအားလုံးကိုအတူတကွလုပ်ဆောင်သည်... ဆေးရုံကလူတွေက သူတို့နှစ်ယောက်ကို စုံတွဲလို့တောင်ခေါ်ကြ၏.... ရိပေါ်က အဲ့နာမည်ကိုကြိုက်ပေမဲ့ ရှောင်ကျန့်ကတော့ အမြဲငြင်းဆန်လေရှိ၏... သူကရိပေါ်ရဲ့ပါတနာမဟုတ်ပေ.... ရှောင်ကျန့်ယုံကြည်ထားတာက ရိပေါ်မှာ သူ့ခြေထောက်ကြားကိုအကြိမ်ပေါင်းများစွာအကန်ခံရတာကြောင့် ထောင်မတ်နိုင်စွမ်းမရှိဟုပင်.... ထို့ကြောင့် ရှောင်ကျန့်က သူ့ခံစားချက်တွေကို ထိန်းချုပ်ထား၏... မစွမ်းဆောင်နိုင်တဲ့ယောက်ျားတစ်ယောက်ကို သူသဘောကျမှာမဟုတ်ပေ... ကိုယ့်ပါတနာနဲ့ အတွင်းကျကျမရင်းနှီးနိုင်တဲ့ ကလေးမဲ့မိခင်လည်း မဖြစ်ချင်ပေ....

ရှောင်ကျန့်တစ်ယောက် ရိပေါ်ကိုမချစ်ဘူးလို့ ကိုယ့်ကိုယ်ကိုစည်းရုံးထားသည်... သူရိပေါ်ကိုလုံးဝချစ်မှာမဟုတ်ဘူး... ရိပေါ်ကချောမောပြီး မိန်ကလေးတိုင်း ယောက်ျားလေးတိုင်း သူ့ကိုလိုချင်နေရင်တောင် ရှောင်ကျန့်ကတော့မဟုတ်ပေ... ရိပေါ်က သူ့သူငယ်ချင်းဖြစ်ပြီး အခြားဘာမှအဆင့်မတတ်ဘဲ သူငယ်ချင်းအဖြစ်သာဆက်ရှိနေမည်ဖြစ်၏.... ရှောင်ကျန့်က ရိပေါ်နဲ့သူ့ကြားမှာဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ လုပ်ဖော်ကိုင်ဖက်တွေကို ငြင်းခုန်ပြောတဲ့အချိန်တိုင်း ရိပေါ်က အမြဲတမ်းတိတ်တိတ်လေးနေကာ ငြင်းခုန်သံတွေကိုနားထောင်နေလေ့ရှိသည်.... ရှောင်ကျန့်က ရိပေါ်ကို သူ့ဘက်ကကူပြောပေးဖို့ခေါ်လိုက်တိုင်း သူကတော့ ပုခုံးပင့်ကာ ထွက်သွားလေ့ရှိသည်... ထွက်သွားတိုင်းလည်း သူ့နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ်တွန့်ကွေးနေလေ့ရှိ၏....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now