20

775 62 0
                                    

Unicode

ရှောင်ကျန့်တို့သုံးယောက်သား ပျော်ရွှင်နေကြသည်.... concertက အရမ်း ချီးကျူးစရာကောင်း၏.... သူတို့ဘဝရဲ့ အပျော်ဆုံးနေ့တွေထဲက တစ်ရက်ပင်.... တစ်ဖက်က ခဲ့လန်မှာတော့ လုံးဝအဆင်မပြေပေ... သူသိတောင်မသိတဲ့လူနှစ်ယောက်က သူ့အပြုအမူတိုင်းကို မျက်စိ‌ဒေါက်ထောက် ကြည့်နေခဲ့၏....ဘာဖြစ်မလဲဆိုတာမသိတာမလို့ သူ့မှာရွေးစရာမရှိတော့ဘဲ ထိုင်နေခဲ့ရသည်.... concertက မနက်စောစောမှာပြီးသွားကာ ရှောင်ကျန့်တို့ ထွက်သွားကြသည် .... ခဲ့လန်က ဟိုနှစ်ယောက်လက်နဲ့ဝေးရာကိုရောက်မှ ဖုန်းကိုင်ချင်ပေမဲ့ သူတို့နှစ်ယောက်က သူ့နောက်ကနေ နီးနီးကပ်ကပ်လိုက်လာကြ၏....

"ဘယ်ကိုသွားမလို့လဲ ဟန်..." ကားထဲကိုဝင်တော့မယ့် ခဲ့လန်ကို ကျန်းချန်ကမေးလိုက်သည်.... ခဲ့လန်မှာ ထိုကောင်လေးနှစ်ယောက်အား မော့မကြည့်ရဲပေ...

"ငါ...ငါအိမ်ပြန်တော့မယ်... ဖုန်းကို မင်းတို့ယူထားလိုက်... ဒီမှာ ငါ့မှာရှိသမျှပိုက်ဆံအကုန်နဲ့ ကားသော့... ငါ့မှာ တခြားဘာမှမရှိတော့ဘူး....ငါ့...ငါ့ကိုအန္တရာယ်မပေးပါနဲ့" ခဲ့လန်တစ်ယောက်ငိုကာ တောင်းပန်လေ၏... ဇီရွှမ်းမှာ သူ့လက်ထဲကိုရောက်လာတဲ့ ကားသော့နဲ့ပိုက်ဆံတွေကိုကြည့်ပြီးနောက် ခဲ့လန်အား ချက်ချင်းပြန်ပေးလိုက်သည်.... ခဲ့လန်မှာတော့ သူ့ရဲ့အပြုအမူကြောင့် အံ့ဩသွား၏....

"ငါတို့က သူခိုးမဟုတ်ဘူး! အရူးလေးရဲ့!" ဇီရွှမ်းကပြောရင်း ခဲ့လန်ခေါင်းကို ဆက်ခနဲရိုက်လိုက်၏.... ထိုအချိန်တွင် ရှောင်ကျန့်ရောက်လာကာ သူ့သူငယ်ချင်းကို ဆွဲခေါ်လိုက်၏....

"သူ့ကို အနိုင်မကျင့်နဲ့တော့.... ပြီးတော့ သူ့လိုကျိုးပဲ့လွယ်တဲ့ ကောင်ရဲ့ခေါင်းကိုမရိုက်နဲ့... တော်ကြာ ခေါင်းမှာဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ....ဒီနေ့တော့ သူ့ကိုလွှတ်ပေးလိုက်ပါ.... ဒါပေမဲ့ မင်း ငါ့ယောက်ျားနားကို ထပ်လာလို့ကတော့ ဂုတ်ချိုးသတ်ပစ်မယ်! ရှင်းလား!" ခဲ့လန်တစ်ယောက် မျက်လုံးတစ်ဖက်ဖွင့်ရင်း ရှောင်ကျန့်ကို ကြည့်လိုက်၏.... သူလုံးဝမထင်ထားပေ.... ရှောင်ကျန့်က သူ့သူငယ်ချင်းတွေကို တစ်ညလုံး သူ့ကို အနိုင်ကျင့်ခိုင်းမယ်လို့.... နောက်တစ်ကြိမ်ဆို သူတကယ်အသတ်ခံရမှာစိုးတယ်....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now