14

1.3K 121 3
                                    


[Unicode]

ရိပေါ်တစ်ယောက် သူ့အမေကိုကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြလိုက်၏... "ရှောင်ကျန့်.... မင်းဘာလုပ်နေတာလဲ... ဆီလျော်မှုမရှိဘူး" ရိပေါ်က သူ့လက်တွေကို ရှောင်ကျန့်ခါးကနေဖယ်ဖို့ကြိုးစားရင်း မေးလိုက်သည်... ရှောင်ကျန့်က ရိပေါ်လက်တွေကို လုံးဝမလွှတ်ပေးပေ... ထို့နောက် သူက ရိပေါ်မားကိုကြည့်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်...

"အန်တီ.... အန်တီ့သားနဲ့ကျွန်တော်က သူငယ်ချင်းပဲမဟုတ်ဘူး.... သူက ကျွန်တော့်ချစ်သူ! သူ့က ကျွန်တော်သူ့ကိုချစ်သွားအောင်လုပ်ပြီး အခုကျတော့မသိချင်ယောင်ဆောင်နေတယ်" ရှောင်ကျန့်တစ်ယောက် မျက်ရည်တွေဝဲနေလျက် အော်ပြောလိုက်လေသည်... လှပတဲ့ကောင်ငယ်လေးမှာတော့ သူ့ရှေ့က ဒရာမာကိုကြည့်ပြီး မျက်လုံးလှိမ့်ကာ သူ့အိတ်ကိုဆွဲယူလိုက်လေသည်....

"ရိပေါ် ငါအခန်းထဲမှာရှိနေမယ်... မင်းရဲ့ကိစ္စတွေပြီးရင် ငါ့ကိုလာတွေ့" ကောင်လေးကပြောပြီး ထွက်သွားလိုက်သည်... ရှောင်ကျန့်မှာတော့ သူ့ကို အပိုင်းပိုင်းဖြစ်အောင်ဆုတ်ဖြဲချင်နေပြီဖြစ်သည်...သူ့ကြောင့် ရိပေါ်က ရုတ်တရက်ပြောင်းလဲသွားပြီး ရည်းစားအဖြစ်ဟန်ဆောင်နေတာကို ရပ်မယ်ူလို့ပြောတာ..."ဂြိုဟ်ဆိုးကောင်... ငါ့ချစ်သူကို အဆုံးရှုံးခံမယ်လို့မထင်နဲ့... သူ့ကိုရအောင်ပြန်လုပ်မှာ... ဝမ်ရိပေါ်...ငါနဲ့လမ်းခွဲမယ့်အကြောင်းကိုမေ့လိုက်တာပိုကောင်းမယ်... ဘာလို့လဲဆိုတော့ မင်းရဲ့စကားတွေက လုံးဝအကျုံးမဝင်လို့ပဲ" "ရှောင်ကျန့်... ကြည့်ကြသေးတာပေါ့" ကောင်ငယ်လေးက လှောင်ပြုံးပြုံးရင်း ပြောလိုက်တော့ ရှောင်ကျန့်မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်လာလေသည်... သူ ရိပေါ်လက်ကိုကိုင်ထားကနေဖယ်လိုက်ကာ သူ့ကိုရန်စရဲတဲ့ကောင်ကို ကိုင်တွယ်ဖို့ လုပ်လိုက်သည်... "ငါ့ကိုရိုက်ချင်တာလား... လာလေ" ကောင်လေးရဲ့အပြောကြောင့် ရှောင်ကျန့်မှာ လုံးဝစိတ်လွတ်သွားပြီဖြစ်၏... ရိပေါ်မှာ ရွေးစရာမရှိတော့ဘဲ ကောင်လေးကို သွားဖို့ အမူအယာပြလိုက်သည်..."ရှောင်ကျန့်...စိတ်လျှော့... ကိုယ်တို့စကားပြောရအောင်... အကြမ်းဖက်ဖို့မလိုပါဘူး" တစ်ချိန်လုံးတိတ်နေတဲ့ရိပေါ်က စကားပြောဖို့ဆုံးဖြတ်လိုက်သည်... ရိပေါ်အမေကတော့ ဝင်မပါချင်တာကြောင့် ချက်ချင်း ကောင်ငယ်လေးနောက်ကိုလိုက်သွားပြီးနောက် သူ့ခေါင်းကို ရိုက်လိုက်၏..."ကောင်စုတ်လေး... မင်းမရီးကို ဘာလို့အဲ့လိုရန်စလိုက်တာလဲ... မင်းကဟန်ဆောင်တာပဲဆိုပေမဲ့ တော်တော်လွန်သွားပြီ... သူနဲ့နောက်တစ်ကြိမ်ထပ်တွေ့ရင် မင်းဆံပင်တွေ အကုန်မရှိတော့မှာတောင်စိုးတယ်" ရိပေါ်အမေက နှုတ်ခမ်းဆူနေတဲ့ကောင်ငယ်လေးကို ဆူလိုက်သည်... "အန်တီ... သူတို့နှစ်ယောက်အဆင်ပြေသွားအောင်လို့ အန်တီပဲ ကျွန်တော့်ကို ဝမ်ရိပေါ်နဲ့စေ့စပ်ထားသူလို ဟန်ဆောင်ခိုင်းတာလေ... ကျွန်တော်က ဝမ်းကွဲအစ်ကိုကို ကူညီနေတာပါ... နှစ်ပတ်အတွင်း သူတို့နှစ်ယောက်အဆင်ပြေပြီး စေ့စပ်ဖြစ်သွားရင် ကျွန်တော်u.sကိုပြန်မှာ... ကျွန်တော်ကောင်လေးက ကျွန်တော့်ကိုစောင့်နေတယ်" ကောင်လေးကပြန်ပြောလိုက်သည်... ထို့နေက် သူနေရမယ့်အခန်းထဲကိုဝင်ကာ တံခါးပိတ်လိုက်ပြီးနောက် ပြုံးလိုက်၏....ဝမ်းကွဲအစ်ကို... မင်းရဲ့ကောင်လေးက တကယ့်ကို မင်းရဲ့ရည်းစားအဖြစ်သင့်တော်တယ်... သူကအရမ်းလှပြီး မင်းအပေါ်မှာ ပိုင်ဆိုင်လိုစိတ်လည်းကြီးတယ်... မင်းအရမ်းကံကောင်းတာပဲ" ကောင်လေးကပြောရင်း အိပ်ရာပေါ်လှဲချလိုက်၏... သူပင်ပန်းနေတာမလို့ အနားယူဖို့လိုနေပြီ... နှစ်ပတ်အတွင်း ဝမ်ရိပေါ်နဲ့ ရှောင်ကျန့် စေ့စပ်လိမ့်မည်... ရိပေါ်က ရှောင်ကျန့်မိသားစုကိုပြောပြီးပြီဖြစ်သည်... ရှောင်ကျန့်မားကလည်း ဒီကိစ္စကို အစတည်းကသတိထားမိနေတာမလို့ သူ့သားခံစားချက်တွေပွင့်ထွက်လာအောင် အတူဟန်ဆောင်ပေးနေတာဖြစ်သည်... အစက ရိပေါ်ပြောတော့ သူမငြင်းဆိုခဲ့၏... သို့သော်လည်း နောက်တော့ ရိပေါ်က တကယ်ကောင်းတဲ့လူဖြစ်ပြီး သူ့သားကိုလည်းတကယ်ချစ်တာမလို့ လက်ခံလိုက်တာဖြစ်သည်...

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now