7

1.6K 145 2
                                    

[Unicode]

"သေချာတာပေါ့ ကျွန်တော်လည်း ဒေါက်တာနဲ့တွဲလုပ်ရမှာ ဝမ်းသာပါတယ်" ရှောင်ကျန့် ကျယ်ကျယ်ပြုံးပြလိုက်ရင်း လက်ဆွဲနှုတ်ဆက်ဖို့ လက်ဆန့်လိုက်သည်... လူတွေနဲ့ထိတွေ့ဆက်ဆံရမှာ လူတွေနားကပ်ရမှာကို အရမ်းသတိထားတဲ့ရိပေါ်က မျက်ခုံးပင့်လိုက်၏... ရှောင်ကျန့်လက်ကိုလက်ခံရမှာလား လက်မခံရဘူးလားဆိုတာစဉ်းစားနေရင်း လက်ခံလိုက်ဖို့တွန်းအားတစ်ခုကို ခံစားလိုက်ရသည်.... ရိပေါ်တစ်ယောက် သူ့လက်ကရှောင်ကျန့်လက်နဲ့ထိတွေ့လိုက်ချိန်မှာ သူ့ကျောရိုးတစ်လျှောက် မီးပွားတွေစီးဆင်းနေသလိုခံစားလိုက်ရတာကြောင့် ရိပေါ် အရမ်းအံ့ဩသွား၏... ရှောင်ကျန့်မျက်လုံးတွေလည်းပြူးကျယ်သွားတာကြောင့် သူလဲအဲ့လိုခံစားလိုက်ရတယ်ဆိုတာ ရိပေါ်သေချာသည်... ရှောင်ကျန့်က လက်ကိုပြန်ရုတ်ဖို့ကြိုးစားသော်လည်း ရိပေါ်ကတော့ သူ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေသည်... 

ရိပေါ်သိချင်နေသည်... သူ ပထမဆုံးအကြိမ် ရှောင်ကျန့်ကို တွေ့တုန်းက ဘာမှမခံစားရပေမဲ့ အခုချိန်မှာတော့ နွေးထွေးပြီး ရှောင်ကျန့်လက်ကိုကိုင်ထားရုံနဲ့ ပြည့်စုံနေသလိုခံစားနေရသည်... သူတို့နှစ်ယောက်လုံး မျက်တောင်မခတ်ဘဲ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်... ထိုအချိန်တွင် ရိပေါ်က ဆံနွယ်ရှည်တွေနဲ့တစ်စုံတစ်ယောက်ရဲ့ ပန်းချီကားကို မှုန်ဝါးဝါးမြင်လိုက်ရသည်... သူ့အဝတ်အစားက ထူးဆန်းပြီး တန်ဖိုးကြီးကာ တော်ဝင်ဆန်တဲ့ဝတ်ရုံရှည်ဖြစ်၏.... ရိပေါ်တစ်ယောက် ရင်းနှီးမှုကိုခံစားလိုက်ရသည်... ရှောင်ကျန့်လည်း အလားတူပင်ခံစားလိုက်ရ၏... မှုန်ဝါးဝါးပုံရိပ်က တစ်ခုခုပြောတော့မယ့်အချိန်မှာပဲ တံခါးခေါက်သံကိုကြားလိုက်ရတာကြောင့် ရှောင်ကျန့် မှာ အမြန်နောက်ဆုတ်လိုက်သည်... သူ ရိပေါ်ကို သံသယအကြည့်နဲ့ အပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်လိုက်သည်.... သူကဘယ်သူလဲ... သူ့လက်ကိုကိုင်လိုက်တာနဲ ထူးဆန်းတဲ့ခံစားချက်ရတာလဲ.... ဒီဆရာဝန်နဲ့ ရှေးခေတ်ဝတ်စုံဝတ်ထားတဲ့ မှုန်ဝါးဝါးလူနဲ့က ဘယ်လိုပတ်သက်တာလဲ.... သူတို့နှစ်ယောက်မှာ သမိုင်းကြောင်းတစ်ခုခုရှိတာလား....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now