11

1.2K 110 0
                                    


[Unicode]

ရှောင်ကျန့်အိမ်တွင် 

ရှောင်ကျန့်ကိုလာကြည့်တဲ့ကျန်းချန်မှာ ရှောင်ကျန့်အမေဆီက မေးခွန်းတွေအမေးခံရပြီး အဆူခံနေရလေသည်... ကျန်းချန်တစ်ယောက် ပင်ပန်းနေပြီဖြစ်သည်... ရှောင်ကျန့်အမေရဲ့မရပ်မနားပြောနေမှုကြောင့် သူနားတောင်အူနေသည်... သူကိုယ်တိုင်က ရှောင်ကျန်ကိုလာရှာတာကို ရှောင်ကျန့်ဘယ်မှာရှိလဲဆိုတာ သူဘယ်လိုသိမှာလဲ.. သူ မလုပ်ခဲ့တဲ့အရာအတွက် စွပ်စွဲအပြစ်ပေးခံနေရတယ်... သူတကယ့်ကိုရိုးသားပါတယ်... ဒါပေမဲ့ ရှောင်ကျန့်အမေကတော့ ရှောင်ကျန့်အမေပါပဲ...

"ရှောင်ကျန့်...မင်းပြန်လာလို့ကတော့ ငါနဲ့တွေ့မယ်" ကျန်းချန်တစ်ယောက် မျက်လုံးထဲမှာ သတ်ချင်တဲ့အရိပ်အယောင်အပြည့်ဖြင့် ပြောလိုက်သည်... မိနစ်နှစ်ဆယ်လောက်ကြာတော့ အိမ်တံခါးဘဲလ်မြည်လာ၏... ရှောင်ကျန့်အမေမှာ တံခါးဖွင့်လိုက်ပြီးနောက် တစ်ခဏလောက်ကြာအောင် မရွေ့နိုင် စကားမပြောနိုင်တော့ပေ.. သူမ ရပ်နေတဲ့နေရာမှာပဲ ကြောင်အနေသည်... ဒီလောက်ချောတဲ့ လူငယ်လေးက ဘယ်ကရောက်လာတာလဲ....

"မင်္ဂလာပါ... အမေ" ရှောင်ကျန့်အမေကို ရိပေါ်နှုတ်ဆက်လိုက်သည်.... ထို့နောက် ရှောင်ကျန့်ကို ခါးကနေ သူ့အနားရောက်အောင်ဆွဲလိုက်၏... ရှောင်ကျန့်အမေမှာ ရိပေါ်ကိုကြည့်လိုက်ပြီးနောက် သူ့လက်တွေက သူမသားရဲ့ခါးကိုဖက်ထားတာမြင်လိုက်ရသည်... ရှောင်ကျန့်အမေမှာ ပျော်သွား၏.. ကြည့်ရတာ သူမသားက သူမကိုအရူးလုပ်ဖို့ ဘယ်လိုရွေးရမလဲဆိုတာသိတာပဲ....

"မင်းတို့ရဲ့ အလိမ်အညာလေးကို ငါယုံမယ်များထင်နေလား... ရှောင်ကျန့် မင်းအမေ့ကို တစ်ကြိမ်လှည့်စားပြီးပြီ... ငါနောက်တစ်ကြိမ် အလှည့်စားခံမယ်များထင်နေလား" ရှောင်ကျန့်အမေက နှစ်ယောက်လုံးကို သံသယဖြစ်စွာ ကြည့်လိုက်သည်.. ရှောင်ကျန့်တစ်ယောက် ခက်ခက်ခဲခဲတံတွေးမြိုချလိုက်၏...

"အမေ...ကျွန်တော်တို့ အရင်အထဲဝင်အုန်းမယ်.. ကျွန်တော့်ချစ်သူရှေ့မှာ ကျွန်တော့်ကိုအရှက်မခွဲနဲ့" ရှောင်ကျန့်တစ်ယောက် သတ္တိမွေးကာ ပြောလိုက်သည်.... ထိုအခါ ရှောင်ကျန့်အမေမှာ လမ်းဖယ်ပေးပြီး နှစ်ယောက်လုံးကိုအိမ်ထဲဝင်ခွင့်ပြုလိုက်၏... သူမ တံခါးကိုပိတ်ပြီးနောက် သရော်ပြုံးပြုံးလိုက်သည်... သူမသားက သူမနဲ့ကစားချင်နေတာပဲ... သူမ အလိမ်ခံမှာမဟုတ်တော့ဘူး... ဒီတစ်ကြိမ်တော့ ရှောင်ကျန့်လက်ထပ်ပြီး ကိုယ်ဝန်ဆောင်ကိုဆောင်ရမယ်... အဲ့အချိန်မှ သူမ ဒီကထွက်သွားမယ်... သူမသားက မြေးလေးမွေးပေးပြီးသွားရင် ကစားပွဲပြီးပြီပေါ့....

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now