4

2K 170 1
                                    


[Unicode]

ရှောင်ကျန့် မှာပါးစပ်ပိတ်ထားဆဲပင်... သူ့သူငယ်ချင်းတွေရှေ့မှာပဲ သူ့ကိုသူစိမ်းတစ်ယောက်က ပြန်ပေးဆွဲခဲ့သည်... သူတို့က သူ့ကိုတောင်မကူညီပေ.... ရှောင်ကျန့်မျက်မှောင်ကြုတ်လိုက်၏... အခုတော့ ငါသိပြီ ငါ့မှာအဲ့လိုသူငယ်ချင်းတွေရှိတာပဲ... ငါအဖမ်းခံရတာတောင် နောက်ကလိုက်မလာဘူး... ဒီအရူးလက်ထဲကလွတ်ရင် မင်းတို့ကောင်တွေပြန်ပေးဆပ်ရမယ်!  ရှောင်ကျန့်မှာစိတ်ထဲကတွေးနေလိုက်၏... ကားရပ်သွားတော့ ရှောင်ကျန့်ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်.... အဆင့်မြင့်အိမ်ရာတစ်ခုဆိုတာ သူတွေ့လိုက်တာကြောင့် သူလှောင်ပြုံးပြုံးလိုက်၏.... ကြည့်ရတာ ချမ်းသာတဲ့လူမိုက်တစ်ယောက်နေမယ်....

ရိပေါ်ကားထဲကထွက်ပြီး ရှောင်ကျန့်ကိုတံခါးဖွင့်ပေးလိုက်သည်.... ရှောင်ကျန့်သူ့ကိုကျေးဇူးတင်လိုက်ကာ လုပ်ပြုံးပြုံးသည်... ထို့နောက်  ရိပေါ်ကိုလဲကျသွားအောင် အားနဲ့ကန်ချလိုက်ပြီး ချက်ချင်းထွက်ပြေးလေသည်.... "ခွေးမသား... ငါ့ကိုများ ပြန်ပေးဆွဲဖိုကြိုးစားတယ်! ရှောင်ကျန့်အော်ပြောပြီး သူထွက်မသွားခင် ရိပေါ်ကိုနောက်ဆုံးတစ်ကြိမ်ကန်လိုက်လေသည်... ရိပေါ်တစ်ယောက် နာကျင်မှုကြောင့် ညည်းတွားရင်း မြေပေါ်မှထလိုက်၏.... အဲ့ကောင်က သူ့ကိုတိုက်ခိုက်မယ်လို့ လုံးဝမထင်ထားပေ...

"ဒီ့အတွက်မင်းပြန်ပေးဆပ်ရမယ်.... ငါ့ဆီကထွက်ပြေးလို့ရသွားတာနဲ့ လုံခြုံမယ်မထင်နဲ့" ရိပေါ်  နာကျင်စွာဖြင့် တိုးတိုးလေးကြိမ်းဝါးလိုက်သည်... သူမတ်တပ်ရပ်ပြီးနောက် တိုက်ခန်းထဲကိုဝင်လိုက်သည်....  သူ့balls တွေ တကယ်အကန်ခံလိုက်ရတာ... ဘယ်သူမှ သူ့ကိုဒီလိုမလုပ်ရဲသလို ကျိန်လဲမကျိန်ဆဲရဲပေ... ဒါပေမဲ့ အဲ့မျိုးမစစ်ကောင်ကတော့ တကယ်ကြီးလုပ်သွားတာ.... ရိပေါ်သူနဲ့စကားပြောပြီးနောက် သူ့အပြုအမူတွေကို နည်းနည်းရင်းနှီးနေတယ်.... ဒါပေမဲ့ သူ့ကိုအရင်တုန်းက လုံးဝမတွေ့ဖူးဘူးဆိုတာ ကျိန်းသေသည်...  အဲ့ကောင်ကို သူဘာလို့သွားဆွဲမိလဲဆိုတာ တကယ်မသိဘူး....

ရှောင်ကျန့်taxiငှားကာ အိမ်ကိုတည့်တည့်မတ်မတ်ပြန်လာလိုက်သည်... ကံကောင်းစွာဖြင့် သူ့ကားကိုရှာတွေ့လိုက်၏.... "ငါသိတာပေါ့ .... သူ့သူငယ်ချင်းစုတ်တွေက ကားကျတော့ပြန်ယူလာပေးပြီး သူ့ကိုကျတော့လိုက်မရှာဘူး" ရှောင်ကျန့်ဒေါသထွက်ကာ အံကြိတ်လိုက်၏... သူအိမ်ထဲကိုဝင်လိုက်ကာ ရေထပ်ချိုးပြီးနောက် အိပ်ရာဝင်လိုက်တော့သည်... 

ကံကြမ္မာစီမံရာ(Mm translation) S-2 of unfavoured empressWhere stories live. Discover now