အမုန်း အငြိုး၏ နိဂုံး or မောင့်အမျက်တော် Part (2)

2.1K 76 1
                                    

🔥အမုန်း အ​ငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥

အခန်း (၂)

🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

နွေ ပန်းနုရောင် စာရွက်ပေါ်က အနက်ရောင် မှင်နဲ့ရေးထားတဲ့ 'လက်ထပ်ခြင်း' စာလုံးသုံးလုံးကို
နောက်တစ်ခါ ပြန်ဖတ်ကြည့်ပြီး... ကမ်းလှမ်းချက် အပေးအယူကို ဘယ်လိုမှ လက်မခံနိုင်ပေ။

ငွေကြေး ခက်ခဲနေတာနဲ့ဘဲ ကိုယ်မသိတဲ့ ယောက်ျားသားတစ်ယောက်ဆီ နွေ့ဘဝကို ရော့အင့်ဆိုပြီး ပုံအပ်ပေးရလောက်တဲ့ အထိတော့...
နွေ မပျော့ညံ့သေးပေ။ကိုယ့်သက်လောက်တန်ဖိုးထားတဲ့ အပျိုစင်ဘဝလေးကို ငွေကြေးနဲ့တော့ နွေ မလဲနိုင်ပါဘူး။

နွေ့မှာလည်း မိန်းကလေးတစ်ယောက်မှာ ရှိသင့်၊ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့ မာန်မာနတွေ ရှိပါသေးတယ်။

နွေ လက်ဖဝါးလေး နှစ်ဖက်ကိုတင်းတင်း ဆုပ်ပြီး..၊နောက်ဆုံးကျန်ရှိနေတဲ့ မာန်မာနမျက်ဝန်းလေးတွေနဲ့ ရှေ့မှာရှိနေတဲ့ လူကို ကြည့်ကာ...

" ဒီအပေး အယူကတော့ မဖြစ်နိုင်ဘူး။တခြား
တောင်းဆိုမှုမျိုးရင်တော့ ကျွန်မ လက်ခံကောင်း
လက်ခံနိုင်ပါတယ် "

" ဟုတ်ကဲ့။ဒါဆိုရင် ကျွန်တော်တို့ဘက်က မနှင်းစက်နွေ ကို ကမ်းလှမ်းထားတာ ပြန်ရုတ်သိမ်းပါတယ် ဗျ "

" ရှင်! ရုတ်သိမ်းတယ် "

နွေ ထင်ထားတာက နွေ့ဘက်က 'လက်ထပ်ခြင်း' ဆိုတာကို လက်မခံရင်... သူတို့ဘက်က တမျိုးတမည် ပြောင်းပေးမယ်လို့ ထင်ခဲ့မိတာ။အခုတော့
နွေ့အထင်က မှားသွားတယ်။ ကမ်းလှမ်းတာကို ပြန်ရုတ်သိမ်းတယ်ဆိုတာကြောင့်... အံ့သြခြင်းနဲ့အတူ မျက်လုံးလေးပင် ပြူးသွားရသည်။

" ဟုတ်ပါတယ် "

" ကျွန်မ ကိုဖြိုးဇေရဲ့ စီအီးအိုနဲ့ တွေ့လို့ရမလား။
အခုအပေးအယူကတော့.. နွေ့အတွက် သိပ်အဆင်မပြေလို့ပါ "

" စီအီးအို က အလုပ်ရှုပ်တဲ့သူ ဗျ။နောက်ပြီး
ကျွန်တော် က လက်ထောက်ဆိုပေမယ့်.. စီအီးအို ရဲ့ ဒုတိယ ကိုယ်ပွားလို့ ပြောလို့ရပါတယ်။ဒီနေ့
ကျွန်တော်တို့ တွေ့ဆုံမှုက အဆင်မပြေခဲ့ရင်
မနှင်းစက်နွေအတွက် နောက်ထပ် အခွင့်အရေးဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး။အဲ့တော့ ဒီနေရာမှာပဲ သေချာ စဥ်းစားပြီးတော့ ဖြေပါ "

အမုန်း အငြိုး၏ နိဂုံး CompletedWhere stories live. Discover now