🔥အမုန်း အငြိုး၏ နိဂုံး
or
မောင့်အမျက်တော် 🔥အခန်း (၇)
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥
" ဟင့် ဟင့် ဟင့် "
လူလေးယောက်လောက် အေးအေးဆေးဆေး နေလို့ အိပ်လို့ရတဲ့.. အိပ်ခန်း ကျယ်ကြီးဝယ် နွေရဲ့
ငိုရှိုက်သံကသာ ကြီးစိုးနေ၏။ဘယ်သူ တစ်ဦးယောက်မှ ရှိမနေဘဲ တိတ်ဆိတ် ၍ ငြိမ်သက်နေတဲ့... အိပ်ခန်းကျယ်ကြီးထဲမှာ နွေ့ ရဲ့ဝမ်းနည်း၊နာကျင်နေတာတွေကို ဘယ်သူမှ မမြင်၊မတွေ့နိုင်ကြသည်။
နွေ့အဖြစ်ကို ဒီအိမ်ထဲက လူတွေ မြင်တွေ့ကြရင်
နွေ့ကို စာနာကြမှာလား။နွေတော့ မထင်မိပါဘူး။တစ်ဆူးချင်းဆီကို ခြွေပြီး နှင်းဆီပွင့်တွေအောက်မှာ နှင်းဆီဆူးတွေကို သေချာ ခင်းချထားတာကို
ဒီအိမ်မှာ ရှိတဲ့ လူတိုင်း သိကြမှာပါ။အဲ့လို သိတာ
တောင် တစ်ယောက်မှ နွေ့ကို မပြောကြတာ။သူတို့လည်း မောင်စေခိုင်းသမျှကို လုပ်ရပြီး၊မောင့်ကို မကန်လန်ရဲတဲ့ လူတွေနေမှာ။အဲ့ဒါကြေ
ာင့် နွေ့က သူတို့အတွက် သနားစရာလို့ ထင်ကြမယ် မထင်။ခြေဖဝါးနုနုလေးထဲ စိုက်ဝင်နေတဲ့ ဆူးတွေကို
တစ်ချောင်းခြင်း ဆွဲထုတ်လိုက်တိုင်း... နွေ့နှလုံး သားထဲမှ ဆစ်ခနဲ နာကျင်ရ၏။ဆူးဆွဲထုတ်တိုင်း ထပ်ထပ်ထွက်လာတဲ့ သွေးတွေက အဖြူရောင် ကြွေပြားကြမ်းခင်းထက်မှာ
ရဲရဲနီနေ၏။ခြေလှမ်းတိုင်း နာလွန်းတာကြောင့် အခန်းတံခါးနဲ့ နှစ်ပေလောက် အကွာမှာတင် ထိုင်ချပြီး ဆူးတွေကို ဆွဲနုတ်ရသည်။
နုတ်လို့ရတဲ့ ဆူးကို နုတ်ပြီး... အသားထဲ တအားနစ်ဝင်နေလို့ နုတ်မမရသေးတဲ့ ဆူးတွေကို ဒီတိုင်းထားရသည်။ခြေဖဝါးနှစ်ဖက်က အထိပင် မခံနိုင်တော့သည်မို့... ဆူးနုတ်တာကို ရပ်လိုက်ရသည်။
ခန္ဓာကိုယ်ပေါ်က အင်္ကျီက လူကို နေရာကြပ်စေတာကြောင့် အဝတ်စားလဲဖို့ လုပ်ရတော့သည်။
နာနေတဲ့ ခြေထောက်ကို အသာဖွနင်းပြီး အခန်းထဲမှာ နွေ လဲဝတ်လို့ရမယ့် အဝတ်စားလိုက်ရှာ
ကြည့်မိသည်။